8:17

1.9K 335 4
                                    

8:17

Ver_vain

' အေးအခုတော့
ငါမင်းနဲ့စာရင်းရှင်းစရာရှိတယ် ။ အတုကောင် '

< ဘာကိုပြောတာလဲ အတုဆိုတာ
ဘာအဓိပ္ပါယ်လဲᆳ >

ဒီရူးချင်စရာလေသံနဲ့ပြောနေတဲ့အကောင်က
One ရဲ့အသံကိုအတုခိုးပြီးယူထားတာကအစ စိတ်ပျက်စရာဘဲ ။

' ရူးချင်ယောင်မဆောင်နဲ့ one ရောအခုဘယ်မှာလဲ'

< host နဲ့စကားပြောနေတာ one လေ >

' မင်း... '

သူများတွေအမြင်မှာတော့ ယုန်မိစ္ဆာတစ်ကောင်စိတ်ညစ်စွာထိုင်နေသည်ပုံစံကိုသာ မြင်နေကြမှာဖြစ်ပြီး သူ့ရဲ့အတွင်းစိတ်ထဲက အတုကောင်ကို ဒေါသထွက်နေသည့် အမူအရာတွေကိုသိမ်းဆည်းထားသည်။

< အာ...မင်းက တော်တော်ရယ်ရတာဘဲ ၊တကယ်လို့ တစ်ခုခုကို ရိပ်မိရင်တောင်မှ ငြိမ်နေပြီး နောက်မှ
သက်သေနဲ့တကွထုတ်ပြတာက ပိုကောင်းတယ်၊
ဒါဆိုရင် အနည်းဆုံးတစ်ဖက်လူက ငြင်းလို့မရတော့ဘူးပေါ့ >

' ငါထင်တဲ့အတိုင်းဘဲ 'နောက်ဆုံးတော့ ဝန်ခံပြီပေါ့။
အရင်ကမ္ဘာမှာကတည်းက one ထူးဆန်းနေလို့ သတိထားပြီး စောင့်ကြည့်ခဲ့တာ ၊ငါခန့်မှန်းတာမှန်သွားတာပေါ့ ။

< မင်းကဘယ်သူလို့ထင်လို့တုန်း >

' မင်းဘယ်သူလဲ '

< ခန့်မှန်းကြည့် မှန်ရင် bonus ပေးမယ် >

မင်းမေ့ကြီးတော်ကို bonus ပေးလိုက် ခွေးကောင်!
ရွဲ့သလိုလိုလှောင်ပြောနေသည့် လေသံကိုသူအရမ်းမုန်းသည်။

' ခင်ဗျား မဟုတ်တဲ့စကားတွေလျှောက်ပြောမနေနဲ့ one ကိုပြန်ခေါ်ပေး '
မခေါ်ပေးလည်းကိစ္စမရှိဘူး ငါကမင်းနဲ့စကားဆက်ပြောပြီး မင်းဘာကောင်လဲသိအောင်လုပ်မှာမို့လို့ ။

<  မင်းတော့မဟုတ်ပေမဲ့မင်းလို့ပြောလို့ရနိုင်တဲ့သူဆီမှာ one က ရှိပါတယ် >

' မင်းဘာလိုချင်တာလဲ ' ငါလား one လား ဒါမှမဟုတ်တစ်ခုခုကိုလား ။

< ငါက ပျော်ချင်တာ ငါလာခဲ့တဲ့နေရာမှာ ဘာမှမရှိဘူး ဝမ်းနည်းမူ ၊ ပျော်ရွင်မူ ၊အထီးကျန်မူတွေ မရှိဘူးလေ >

Resinner : Resystem ( Complete )Where stories live. Discover now