10:14

767 150 0
                                    

Arc 10:14

အလျှံညီးညီးတောက် ပူပြင်းနေသည့် မီးလျှံတွေကြားထဲ Avi နောက်တစ်ခေါက်ပြန်ရောက်လာပြန်ပြီ။ပူပြင်းမူထက်ပိုဆိုးသည်က အဆုံးမသတ်နိုင်သည့် ပျင်းရိမူပင် ။ လက်ချိုးရေ၍ မရနိုင်အောင် ရှည်လျားတဲ့ ပျင်းရိမူတွေကြားထဲမှာတော့ သူအဆုံးမသတ်ချင်။

" Avi "

သူ့နာမည်ခေါ်လိုက်သည့်အသံကို Avi ကြားလိုက်သည်။ ရုတ်တရက်ဆိုတော့ သူတုံ့ဆိုင်းသွား၏ ။ ရုပ်ရှင်ရိုက်နေသလို အံ့အားသင့်မူများစွာဖြင့် လှည့်သင့်သလား ၊ သို့မဟုတ်တုံဏှိဘာဝေ မထူးဆန်း
သည့် ပုံဖြင့်လှည့်သင့်သလား ။ ဘယ်လိုပုံမျိုးက ပိုကြည့်ကောင်းသနည်းကို ရုတ်တရက် သူစဥ်းစား၍ မရ ။

" Avi " နောက်တစ်ခေါက်ထပ်ခေါ်လာပြန်သည်။ သူအထင်မှားခြင်းမဟုတ်ကြောင်းသေချာသွားသလို သူ့မှန်းဆချက်အတိုင်း ဖြစ်လာပြီဆိုတာကိုလည်း သူသိခဲ့သည်။

" မင်းက Avi မလား "

ရှုပ်ထွေးနေသည့် Zole ရဲ့မျက်နှာ ။
ဟုတ်တာပေါ့ ၊ အသစ်ဝင်လာတဲ့မှတ်ဉာဏ်တွေက သူ့ရဲ့ခေါင်းထဲမှာ ရှုပ်ထွေးနေဦးမှာပေါ့ ။Zole ၏ ညာဘက်လက်သည် သူ့ဘယ်ဘက်လက်သူကြွယ်ရှိ လက်စွပ်ကို ပွတ်လျက် Avi ကို ဆွေးဆွေးမြေ့မြေ့ကြည့်နေသည်။

" ပြန်လာတာ ကြိုဆိုပါတယ် Zero "

Zole ရဲ့မျက်နှာသည် တဖြည်းဖြည်းအရုပ်ဆိုးလာသည်။ သူ့အား ပြေးဖက်ရမည့်အစား ပြေးထွက်သွားသည့်လမ်းကိုရွေးချယ်သွားသည်။ Avi ကတော့ မူလနေရာ မှ မလှုပ်မယှက်ထိုင်ရက်သား ။

ဘာမှ လုပ်စရာမရှိသည့် သူက ထိုနေရာတွင်မူလအတိုင်းထိုင်ရက်ပင်။ သိပ်မကြာလိုက် ၊ Reole က သူ့ကိုချုပ်နှောင်ထားသည့်နေရာသို့ ဆောင့်ဆောင့်အောင့်အောင့်ရောက်လာခဲ့သည်။

" ဘာကိစ္စလဲ "

Reole က ဘာစကားမှ မပြော ။ Avi ကိုသူ့နောက်လိုက်ခဲ့ရန်သာ အချက်ပြသည်။Reole ရဲ့နောက်တွင် အခြားသော ငရဲလုပ်သားများက အတူတူ လိုက်ပါလာသည်။

" Lynx မင်း Zole ကို ဘာလုပ်ခဲ့လဲ "

Reole ပြောသည်ကို သူနားလည်သလိုလို မလည်သလိုလို ။ သို့သော် မှားနေသည့် အချက်ကိုတော့ Avi ထောက်ပြပေးလိုက်သည်။

Resinner : Resystem ( Complete )Where stories live. Discover now