5:11

6.5K 945 50
                                    

အရှေ့ပိုင်းတွေမှာ werewolves
ခေါင်းဆောင်ကို ဂျွန်လို့သုံးထားပေမဲ့
အခုမှ နာမည်ပြန်ပြောင်းလိုက်ပြီး
Epslion လို့ခေါ်တာမဟုတ်ပါဘူး။
နာမည်အပြည့်အစုံက Epslion Jhon ပါ။

Epslion ရဲ့အဓိပ္ပါယ်က ဂရိအက္ခရာမှာဆို ပဉ္စမမြောက် စကားလုံးပါ ။Jhon က သမန်းဝံပုလွေ မျိုးနွယ်စုရဲ့ ငါးယောက်မြောက်ဆက်ခံသူလည်းဖြစ်သလို ငါးယောက်မြောက်ခေါင်းဆောင်ပါ ။အဲ့ဒါကြောင့်သူ့ကို အခြားသူတွေက ဂျွန်လို့မခေါ်တော့ဘဲ
Epsilon လို့ခေါ်တာ ။ရှုပ်နေမှာစိုးလို့
အရှေ့မှာမိတ်ဆက်တုန်းက ဂျွန်လို့မိတ်ဆက်လိုက်ပြီး နောက်ကျတော့ ဘယ်လိုလုပ် epslion ဖြစ်သွားတာလဲလို့ မေးတဲ့လူလည်းမရှိဘူး အဲ့ဒါကြောင့်ကိုယ့်ဟာကိုယ် ဖြေလိုက်တယ်။

နာမည်တွေကို သေချာပြန်ရှင်းပြတာ ၊ကိုယ်ကအရင်ထဲက နာမည်ပေးတာမတော်လို့
နည်းနည်းလေး နာမည်အစမ်းလေးတွေပေးလိုက်တာ ။
ကြီးကြီးကျယ်ကျယ်တွေဖြစ်ကုန်ရော။
ဒီထဲက နာမည်တွေအကုန်လုံးက အဓိပ္ပါယ်တစ်ခုဆီရှိတယ်။
တစ်ခုချင်းဆီတော့ မရှင်းပြတော့ဘူးလေနော်။နောက် arc တစ်ခုကျရင် ဒီလို ကြီးကြီးကျယ်ကျယ်နာမည်တွေကို
လုံးဝနီးပါးရှောင်နိုင်သလောက် ရှောင်ပါမယ်လို့ ။

==========
လူးဝစ် စတိုခန်းထဲကနေ ရလာတဲ့
သံချွန်ကို လှည့်ပတ်ပြီး အထပ်ထပ်အခါခါကြည့်နေသည်။ထိုသံချွန်မှာ တစ်ဖက်လူ၏
သွေးစတွေ ရှိနေပါသော်လည်းတစ်ဖက်လူက ဘယ်သူလဲဆိုတာကို သိရန်အတွက်တော့ သွေးပမာဏကမလုံလောက်ပေ။

အခု သွေးလောက်နဲ့ဆို
အနည်းဆုံး Black Magic သာ အသုံးပြုနိုင်ပြီး တစ်ဖက်လူကို သေမလို ဒုက္ခရောက်အောင်ပဲ လုပ်လို့ရလိမ့်မည်၊ ဘယ်သူလဲဆိုတာကိုတော့ သိခွင့်ရမည်မဟုတ်။ ဒါပေမဲ့ သေလောက်အောင် နာကျင်ခိုင်းပြီး ဒုက္ခပေးရမည်ဆိုတာလည်း ပျော်ဖို့ကောင်းသည့်အရာ မဟုတ်ပါလား။

လူးဝစ် လုံးဝန်းကာ လက်ဖြင့်ကိုင်ရန်သင့်တော်သောကျောက်တုံးတစ်တုံးကိုယူပြီး
အစီအရင် စပြီးလုပ်သည်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ သရုပ်မှန်ကိုသိဖို့ရန်နှင့် တစ်ဖက်သူကိုသေဆုံးသည်အထိ ပြုလုပ်လို့လည်းမရပေ။

Resinner : Resystem ( Complete )Where stories live. Discover now