9:14

1K 171 0
                                    


သတိလစ်နေသော လမ်းသွယ်လေးရဲ့ အပြင်ဘက်တွင် ဆူညံနေသော လူသံတွေနှင့် ဖြတ်သန်းသွားသော မီးသတ်ဉသြသံကြောင့် avi မျက်လုံးနှစ်လုံး စုံဖွင့်ကာ နိုးထလာသည်။ မေ့ဆေးမိထားရတာကြောင့် ခေါင်းကိုက်ခြင်းမရှိဘဲ ဦးနှောက်တစ်ခုလုံး ကြည်လင်နေလျက်။ ဘာဖြစ်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်သည်။ avi သူ့အရင်နေရာ ဖြစ်သော လမ်းသွယ်လေးထဲတွင် သတိလစ်ကာ ကျန်နေခဲ့ခြင်းဖြစ်သည်။ ခန္တာကိုယ်တွင် ခြစ်ရာသေးသေးလေးမှ လွှဲ၍ ဒဏ်ရာ ဟူ၍ ဘာတစ်ခုမှရှိမနေ ။avi ထူးဆန်းတာကြောင့် ဘေးဘီကို ဝေ့ဝဲ ကြည့်ခဲ့ပေမဲ့ ဘာမှရှိမနေ။

လက်ထဲက နာရီညွှန်ပြနေသည့်အချိန်က မနက်၅နာရီ ဖြစ်သည်။ avi လဲနေရာမှ ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်သည်။ ခေါင်းတစ်ခုလုံး ကြည်လင်နေပေမဲ့ သူ့ရဲ့ ခြေထောက်နှစ်ဖက်ကတော့ အားမရှိစွာ နုံးချိနေသည်။ သူ့စိတ်က ကြည်လင်ကာ ပြတ်သားနေပေမဲ့ သူ့ခန္တါကိုယ်ကတော့ ထိုကဲ့သို့မဟုတ်ပေ။

လမ်းသွယ်လေးရဲ့အပြင်ဘက် မျက်စောင်းထိုးလမ်းတွင် မီးလောင်မူ တစ်ခုဖြစ်နေပုံရပြီး မီးသတ်ကားများတစ်ခုပြီးတစ်ခုသည် ထိုနေရာသို့ ဦးတည်သွားကြသည်။ ကြည့်ရတာ မီးတောက်အားက တော်တော်ပြင်းထန်ပုံရသည်။

Avi လမ်းနောက်ထပ်နှစ်လမ်း​လောက်် ဆက်
လျှောက်သွားပြီးနောက် အငှားကားတစ်စီးကို တွေ့တာကြောင့် တတ်လိုက်ပြီး သူ့အရင်အိမ်သို့ ပို့ခိုင်းလိုက်သည်။avi နဖူးပေါ်ကို လက်တင်ကာ ဖြစ်ပျက်ခဲ့သမျှ ကို အချိန်ယူပြီး စဥ်းစားနေခဲ့သည်။ avi က သူတို့ရဲ့ထောင်ချောက်ထဲ ကျရောက်သွားခဲ့သည်တောင် သူတို့က ဘာမှမလုပ်ဘဲ ပြန်လွှတ်လိုက်တယ်တဲ့လား ။ ဒါမဟုတ်သေး ၊ သူတို့အကြံအစည်တစ်ခုခုရှိရမည်။ ဟုတ်သည် ၊ သူတို့ ။ သူ့ကို လူနှစ်ယောက်က ထောင်ချောက်ဆင်ခဲ့တာဖြစ်သည်။ ညီလင်းအပြင် နောက်ထပ်အခြား တစ်ယောက်က ။

Avi အစိမ်းရောင်အိမ်လေးသို့ပြန်ရောက်ပြီဖြစ်တာကြောင့် အငှားကားဆရာအားကျသင့်သည့် ပိုက်ဆံကိုပေးကာ သူသွားတုန်းကအတိုင်း သော့ခတ်လျက်ရှိသော အိမ်လေးထဲသို့ သော့ကို ဖွင့်ကာ ဝင်လာခဲ့သည်။ အခန်းအတွင်း၌ယံနောင်က အိပ်နေတုန်းဖြစ်တာကြောင့် avi ယံနောင် မနိုးစေရန်အတွက် ကြမ်းပြင်ကို ဖွဖွလေး နင်းလျှောက်ကာ ယံနောင်ရဲ့ဘေး လွတ်နေသည့် နေရာသေးသေးလေးတွေဝင်အိပ်လိုက်သည်။သူဘယ်အချိန် လောက်ကြာရင် ဒီကမ္ဘာက ထွက်သွားရမည်လဲ ။ တစ်ပတ်၊ တစ်လ ၊ ဒါမှမဟုတ် တစ်နှစ် ။

Resinner : Resystem ( Complete )Where stories live. Discover now