10:27 (End)

2.2K 218 20
                                    

Arc 10:27

တန်ဖိုးထားသူထံမှ ပစ်ပယ်ခံရခြင်း၊လျစ်လျူရှုခံရခြင်း မြောက်များစွာသောကြောင့် လူ တင်မက နတ်ဘုရားတစ်ပါးကပါ ပြောင်းလဲသွားနိုင်သည်။

-----------------------

" စာသားဟောင်းကြီးအတိုင်း
ပြန်ပြောရမယ်ဆိုရင် သူ့ကိုထိချင်ရင်
ငါ့ကိုအရင်သတ်လိုက် "

" သတ်ရမယ်... နတ်ဘုရားတစ်ပါးကို သတ်လို့မှ မရတာ ။ ပျောက်ကွယ်သွားအောင်ပဲလုပ်လို့ရတာလေ ။ဒီတော့ ပျောက်ကွယ်သွားအောင်ပဲ လုပ်ပေးမယ် "

Vena ရဲ့ အေးစေခဲစေတုတ်ကောက်သည် အရင်းမှစ၍ ရေခဲမှုန့်များ ကပ်တွယ်ကာ ဖုံးအုပ်သွားပြီး တုတ်ကောက်ထိပ်ဖျားထိ ရေခဲမှုန်များသည် နွယ်များကဲ့သို့ တစ်ရစ်ခြင်း တွယ်တက်လာသည်။

Vena သည် သူမရဲ့အေးစေခဲစေ တုတ်ကောက်ကို မွေ့ကာရမ်းလိုက်ရင်းဖြင့် Avi ဆီသို့ မြန်ဆန်သည့်နှင်းလုံးများကို ပစ်လွှတ်လိုက်သည်။ Avi သည် တစ်ချို့ကို ရှောင်တိမ်း၍ တစ်ချို့ကိုထိပ်တိုက်ရင်ဆိုင်လိုက်သည်။ Avi ရှောင်တိမ်းလိုက်သော
​Vena ၏ နှင်းလုံးများ ကျရောက်ရာ ပန်းပင်
များတွင် အေးခဲသွားရမည့်အစား ရေခဲ၏
ဆန့်ကျင်ဘက် ပူပြင်းကာခြောက်သွေ့
ကျသွားသည်။

အစောပိုင်း တိုက်ပွဲက ဖီးနစ်မီးလျှံ၏ အရှိန်သည် ဒီတိုက်ပွဲအထိ ငွေ့ငွေ့လေးကပ်ပါလာခဲ့ခြင်းဖြစ်သည်။

Avi ထိပ်တိုက်ရင်ဆိုင်သည့် နှင်းလုံးများကတော့ Avi ရဲ့အနက်ရောင်စွမ်းအင်လုံးများနှင့် ထိသွားသည်နှင့် နေရာမှာတင် လောင်ကျွမ်းကာ အနက်ရောင်အစိုင်အခဲများအဖြစ် ပြုတ်ကျသွားသည်။

Zole ကတော့ ပန်းပင်ဘောင်ပေါ်တွင် ထိုင်ကာ သူတို့နှစ်ယောက်၏ တိုက်ပွဲကို အကဲ ဖြတ်နေသည်။ သူ့လက်ထဲတွင် ခွက်တစ်ခွက်ရှိကာ ကြည့်လိုက် သောက်လိုက်ဖြင့် ဖျော်ဖြေပွဲတစ်ခုကိုကြည့်နေသည့်အတိုင်းပင်။

" Lynx နင်ဘယ်လိုဖြစ်သွားရတာလဲ "

" ငါ? ငါဘာမှမဖြစ်ပါဘူး "

" မဟုတ်ဘူး Lynx နင်ဘာလို့အဲ့လိုကောင်ကိုကာကွယ်နေရသလဲ ။ သူကမကောင်းတဲ့ကောင်၊ သူအားနည်းနေတဲ့အချိန်မို့လို့ နင်
သူ့ကို ကာကွယ်ပေးဖို့အသုံးချနေတာ "

Resinner : Resystem ( Complete )Where stories live. Discover now