7:9

2.8K 479 2
                                    

Arc 7:9

အရင်ဇာတ်ကြောင်းတုန်းကဆိုရင် Jack က ကပ်ပါးကောင်ကို ကိုယ်တိုင် ချိပ်ပိတ်လိုက်တယ် ။ ဒါပေမဲ့အဲ့အချိန်က ကပ်ပါးကောင် က Willy ကိုမပူးကပ်ဘဲ သရဲအဖြစ် ၊ ဝိညာဥ် အဖြစ်နဲ့သာ ကျန်တဲ့သူတွေကိုအနှောင့်အယှက်ပေးပြီးသတ်ရန် လုပ်တာဖြစ်သည်။ချိပ်ပိတ်တဲ့အခါ ကပ်ပါးကောင်က ဝိညာဥ်အဖြစ်နဲ့သာ အပိတ်ခံလို့ရတယ်ဆိုရင် အရင်ဆုံး Willy ကိုယ်ထဲက အဲ့ကောင်ထွက်အောင်လုပ်ရမည်။ ပြီးတာနဲ့ ချိပ်ပိတ်ပစ်ရမည်။
' ချိပ်ပိတ်တယ် 'ဆိုတာက ပြောတော့တာ သုံးလုံးတည်း ဘယ်လိုလုပ်ရမလဲဆိုတာ မသိတာက ပိုဆိုးနေသည်။

ပြီးတော့ စာကြည့်တိုက်ထဲက ထိုစာအုပ်။ အဲ့ဒီ့စာအုပ်တွင် ချိပ်ပိတ်နည်းမဟုတ်တောင်တစ်ခုခုအရေးကြီးတာ ပါရမည်ဟု Avi ယုံကြည်ထားသည်။ မဟုတ်ပါက ကပ်ပါးကောင်က စာကြည့်တိုက်ထဲတကူးတကလာကာ Cathy ဆီက စာအုပ်ကို တောင်းမတဲ့လား။

ကပ်ပါးကောင်အရင်ကထက်ပိုပြီး
အင်အားကြီးလာတာ လက်ခံကိုယ်ဖြစ်တဲ့ Willy ကြောင့်များလား ။ဒါဆိုရင်တော့ Willy ခန္တာကိုယ်ထဲကနေ အမြန်ဆုံးနှင်ထုတ်ရမည်။ အခုရက်ပိုင်း ဒီမြို့သေးသေးလေးမှာ ပျောက်တဲ့သူတွေများလာသည်။
အသက်ကြီးငယ်မရွေး လူတန်းစားမျိုးစုံပျောက်နေသည်။

ဒီကိစ္စက Willy ကိုယ်ထဲက ကပ်ပါးကောင်နဲ့သက်ဆိုင်လောက်သည်ဟုလည်း သူတို့ယူဆခဲ့ကြသည်။ Jack နဲ့ သူ့ရဲ့ အကြံအစည်က Willy အိမ်ထဲကိုခိုးဝင်ကာ ချိပ်ပိတ်နည်းပါ
သည့်စာအုပ်ကိုရှာရန် ၊Cathy က ရူးနေလားလို့မေးပေမဲ့ အဲ့အရာကလွှဲပြီးအခြားနည်းလမ်းကိုစဥ်းစားမရပေ ။

တကယ်လို့အမှားအယွင်းတစ်ခုခု ဖြစ်သွားခဲ့ရင် Jack ကိုထိုးကျွေးပြီး သူ ပြေးလို့ရသည်။ Willy ကိုယ်ထဲက ကပ်ပါးကောင်ကိုနှင်ထုတ်မည့် အစီအရင်Cathy မှာရှိသည်ဟုဆိုသဖြင့် အခုသူတို့လုပ်ရန်က Willyအိမ်ထဲဝင်ကာ စာအုပ်ကိုသွားယူရန်ဖြစ်သည် ။ ကပ်ပါးကောင်က စာအုပ်ကိုမီးရှို့လိုက်တာ ၊ ဖျက်ဆီးလိုက်တာ ဖြစ်နိုင်ပေမဲ့ မဖျက်ဆီးဘဲ သိမ်းထားမည်ဆိုသည့်ဖြစ်နိုင်ချေကိုလည်း လျစ်လျူရှူလို့မရပေ ။

အခု သူ ၊ Jack နဲ့ Cathy က Willy အိမ် ကိုမြင်ရသည့်နေရာတွင် ရှိနေကြတာဖြစ်ပြီး Willy ထွက်သွားသည်နှင့် အထဲကိုဝင်ရန်အတွက်ပြင်ဆင်နေကြသည်။
Cathy ကတော့' ရူးလိုက်တာ 'ဆိုတဲ့စကားက လွှဲပြီးမပြောပေမဲ့ လိုအပ်သမျှကို တတ်နိုင်သလောက် ကူညီပေးသည်။

Resinner : Resystem ( Complete )Where stories live. Discover now