8:19

1.9K 332 0
                                    

8:19
Ver_vain

ကျောက်နံရံအတွင်းဘက်နေရာသည် အပြင်ဘက်
​အေးစိမ့်နေသောလှိုဏ်ဂူနှင့်ကွာခြားကာ မီးတမျှ ပူပြင်းနေသည်။ ကျောက်စက်ပန်းဆွဲလိုအရာမျိုးတွေ avi မျက်စိရှေ့မှာ ပြည့်နှက်နေပြီး အနက်ရောင်ကျောက်နံရံတွေဖြင့်ပြည့်နှက်နေသည့် သည်အခန်းထဲတွင် ကြည်လဲ့နေသော ဟိုဟိုသည်သည်ရှိ
သည့် ကျောက်စက်ပန်းဆွဲတွေက အလှဆင်ထားသလိုပင်။

အခန်းအလယ်တွင် လူတစ်ရပ်စာမျှမြင့်သည့် ထုံးကျောက်ဖျာ တစ်ခုကိုတွေ့ပြီး ထို အလယ်တွင်
အပြင်ဘက်၌ အနက်ရောင် မိစ္ဆာချီများလွှမ်းခြုံထားသည်တောင်မှ အလယ်တွင် အပြာရောင်လဲ့နေသည့် သလင်းကျောက်သဏ္ဍာန်အရာတစ်ခုရှိပြီး avi မြင်တာနှင့် ဒါကို အနှိုင်းမဲ့သလင်းကျောက်မှန်းသိရှိသွားခဲ့သည်။

နတ်ဆိုးဘုရင်ကြီးက အနှိုင်းမဲ့သလင်းကျောက်အနားကို ချည်းကပ်သွားပြီး တိုက်ရိုက်ကိုင်တွယ်ခြင်းမဟုတ်ပေမဲ့ လေထုထဲကပင် အနှိုင်းမဲ့သလင်းကျောက်တုံး ကိုကိုင်တွယ်သယောင် ပြုလုပ်လိုက်သည်။ပြီးနောက် လက်စွပ်ဝတ်ထားသည့်လက်ကို လေထဲတွင် အနည်းငယ်ယမ်းကာ ကစားလိုက်သည်နှင့် အနှိုင်းမဲ့သလင်းကျောက်တုံး တွင်ကပ်ညှိနေသည့် အနက်ရောင်ချီတွေက အနည်းငယ်လှုပ်ရှားလာပြီး နတ်ဆိုးဘုရင်ကြီးရဲ့လက်ထဲကို အတင်းအကြပ်တိုးဝင်ကာ တစ်ခုနှင့်တစ်ခု ရိုက်​နှက်တော့မတတ်ပြေးလွှားလာကြသည်။ ဤ သည်ကိုကြည့်ခြင်းဖြင့် နတ်ဆိုးဘုရင်ကြီး၏ လက်မ မှာဝတ်ထားသည့်လက်စွပ်က ထူးခြားသည့်အရာတစ်ခုဖြစ်မှန်း သိရှိနိုင်သည်။

နတ်ဆိုးဘုရင်ကြီးက အနှိုင်းမဲ့သလင်းကျောက်တုံးထဲမှ ထွက်လာသည့် အနက်ရောင်မိစ္ဆာချီတွေကို သူ့ရဲ့လက်မ မှာဝတ်ထားတဲ့လက်စွပ်ထဲကို တိုးဝင်စေပြီးနောက် ထို လက်စွပ်က သလင်းကျောက်မှတစ်ဆင့် နတ်ဆိုးဘုရင်ကြီး၏ သိဒ္ဓိအမြုတေရှိသည့်နေရာသို့ စိမ့်ဝင်သွားသည်။

အချိန်အတော်ကြာသည့်အထိ ထိုအနေအထားအတိုင်းရှိနေခဲ့ပြီး နတ်ဆိုးဘုရင်ကြီး မိစ္ဆာချီတွေကိုလက်မခံနိုင်တော့သည့်အချိန်ကို ရောက်လာတဲ့အချိန်အထိ မိစ္ဆာချီတွေက ရပ်တန့်သွားခြင်းမရှိဘဲ
ပိုးတိုးလို့ပင် နတ်ဆိုးဘုရင်ကြီး၏ ခန္တာကိုယ်ကို ဖြတ်ကာ သိဒွီအမြုတေ ထဲသို့စိမ့်ဝင်နေသည်။

Resinner : Resystem ( Complete )Where stories live. Discover now