9:23

1K 192 1
                                    

9:23

( Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။ )

" အစ်မ ဘာတွေပြောနေတာလဲ ၊ ကျွန်တော်က ဘာလို့ အဖေ့ကို ထားခဲ့ရမှာလဲ "

အေးချမ်းဖြိုး ခေါ်  Darling သည် သူမ၏ တိုနှံ့နှံ့ဆံပင်ကို လက်ဖြင့်ဆွဲဖွလိုက်ပြီး ကြောင်အအ မျက်နှာဘေးဖြင့် သူအရှေ့မှာရှိနေသော သူ့ရဲ့မောင်ငယ် အန် ကို ကြည့်လိုက်သည်။ အထင်
သေးနှိမ့်ချနေသည့် မျက်လုံးများက အတိုင်းသားပင်။

သူတို့နှစ်ယောက်ရှိနေသည့်နေရာက သူတို့အဖေပိုင်သည့် ဆောက်လက်စအဆောက်အဦးတစ်ခုအပေါ်မှာဖြစ်ပြီး ဒီနေရာမှာတွေ့ကြဖို့အတွက်လည်း Darling ကိုယ်တိုင်ချိန်းဆိုခဲ့ခြင်းပင်။ညချမ်းရဲ့
လေစိမ်းတစ်ချက်ဝေ့လိုက်တိုင်း လက်တိုလေးသာဝတ်ထားသည့် အန် သည်တုန်တတ်သွားရသည်။

" ဟုတ်တယ် မင်းက ငါ ဆေးရုံတတ်နေတဲ့အချိန်အတွင်း အဖေ့ကိုပုန်ကန် လိုက်၊ ဆိုးရွားလွန်းတဲ့သားဆိုးဖြစ်အောင်လုပ် ၊ ကုန်ကုန်ပြောရရင် မင်းကို အဖေ အမွေပြတ်စွန့်လွတ်လိုက်ရင်ပိုတောင်ကောင်းသေးတယ် "

" ဘာလို့လဲ ။ ဘာလို့ကျွန်တော်က
အဲ့လိုလုပ်ရမှာလဲ "

အန်က သူ့ရဲ့ လျှောကျနေသည့် မျက်မှန်ကိုင်းကို လက်ဖြင့်ပင့်တင်ကာ မေးလိုက်သည်။

" ဘာလို့ဆို မင်းက အရမ်းမိသားစုကိုပေါင်းစည်းစေချင်တဲ့သူမဟုတ်ဘူးလား ယ ဒီတော့ ငါအကယ်လို့ tran တစ်ယောက်ဖြစ်သွားရင်တောင် အဖေက ငါ့ကို ပြန်ခေါ်အောင်လို့လေ "

" အမ Tran မလုပ်လည်းရတာဘဲလေ "

" မရဘူး ၊ ဒါက ငါဖြစ်ချင်တဲ့ဘဝ "

" ဒါပေမဲ့... "

" အန် မင်းမရှည်စမ်းနဲ့ ၊ ငါပြောတဲ့အကြံက ဘာမှမကောင်းတဲ့အရာမဟုတ်ဘူး မင်းစဥ်းစားကြည့်လေ ။ အဖေက မင်းကိုအရမ်းချစ်တာ ၊ သူငါ့ကိုtran ဖြစ်ရင် အိမ်ပြန်မလာနဲ့လို့ ပြောတာလည်း မင်းကိုအားကိုးလို့ဘဲ ။ သူအားကိုးတဲ့သားတစ်ယောက် ရုတ်တရက် အရမ်းကို ထိန်းမနိုင်သိမ်းမရ ဆိုးသွားတဲ့အခါ သူစွန့်ပစ်ထားတဲ့ tran သားတစ်ယောက် ထပ်​​ပြီးရှိနေသေးတယ်ဆိုတာကို
သူ သတိရလာမှာဘဲ ,ပြီးတော့စိတ်မပူနဲ့ ငါမင်းကိုဒီအတိုင်းပစ်မထားပါဘူး "

Resinner : Resystem ( Complete )Where stories live. Discover now