8:30

1.6K 301 8
                                    

8:30

" အဆိပ်သခင်ကျန်း ဒီသားရဲကို အသုံးပြုပြီး စစ်ဆေးဖို့အတွက်ခွင့်ပြုပေးပါ "

Avi လေထဲမှာမြောနေတဲ့ ဘူးသီးခြောက်ကို ကြည့်
ပြီးလေးနက်စွာ စဉ်းစားလိုက်သည်။ ထိုအဖိုးကြီးပြောသည့် သားရဲက လွန်စွာရှားပါးသည်ဆိုလျှင် အဘယ်ကြောင့် ဘူးသီးခြောက်ထဲ ထည့်ထားရပါသနည်း ၊ ဒါမှမဟုတ်ဒီဘူးသီးခြောက်နဲ့ စိတ်စွမ်းအင်သားရဲတွေကိုထည့်မှ ခေတ်မှီသည်ဟု ယူဆထား၍အတွက်လား ။

ဆရာတူအစ်ကို လွီရီဝေက ရသလောက်အချိန်ကို ဆွဲထားချင်သည့်ပုံရသည်။ ထိုဘူးသီးခြောက်ကိုမ
ဖွင့်မှီအလျဉ်ဦးစွာ

" ဒါနဲ့ ဒီသားရဲရဲ့ အမည်ကို တစ်စိတ်လောက် ပြောပြပေးပါလား "

လျန်ဖန်ရှင်းက ချောင်းတစ်ချက်ဟမ့်လိုက်ကာ
" အခုထိ မ​ပေးရသေးပါဘူး အခြားအရေးမကြီးတဲ့အကြောင်းအရင်းတွေဘေးခေါက်ထားပြီး အရင်ဆုံးစစ်ဆေးကြတာပေါ့ "

လွီရီဝေ၏ နှောင့်နှေးအောင်လုပ်နေသည့်အကြံကိုရိပ်မိသည့်အလား အလျင်အမြန်ပင် ဘူးသီးခြောက်အဖုံးကို ဖွင့်လိုက်သည်။ ထိုအဖုံးဖွင့်လိုက်သည်နှင့်
ရှေးဦးစွာ လှပ မွှေးပျံသော စန္ဒကူးအနံ့ သဖွယ်မွှေးရနံ့ပေါ်ထွက်လာပြီး ထိုရနံ့က ဟောခန်းအတွင်းရှိသူအားလုံး၏ စိတ်ဝိညာဉ်ကို ဖမ်းစားသွားသည်။ သို့သော်ငြား ဘာအကောင် ဘာသားရဲမှထွက်ပေါ်မလာခဲ့ပေ။

လျန်ဖန်ရှင်းမှ ပြုံးလျက်သာပင် ပါးစပ်မှ တိုးဖွ စွာ တစ်ခုခု ရွတ်ဆိုလိုက်သည်ကိုတွေ့ရသည်။ ကြည့်ရတာ အမိန့်အာဏာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။ရုတ်တရက်ထိုဘူးသီးခြောက်ကလျန်ဖန်ရှင်းရဲ့အမိန့်အရavi ခေါင်းပေါ်တွင်ရစ်ဝဲနေလျက်ရှိပြီး သိပ်မကြာခင်အချိန် အတွင်း avi ရဲ့ခေါင်းအလယ်တည့်တည့်မှာ ရပ်တန့်သွားသည်။ပြီးနောက် အပြာရောင်ချီအလင်းတန်းများစွာ ထိုဘူးသီးခြောက်ထဲမှ ထုတ်လွင့်နေပြီး များစွာသော ချီစွမ်းအင်တွေက ထိုအထဲမှ ယိုဖိတ်ကျလာသည်မှာ အခန်းတစ်ခုလုံးတွင် အပြာရောင်ချီများ ရစ်သိုင်းလျက်ပင်။

" အဆိပ်သခင်ကျန်း စိတ်ဝိညာဉ်သားရဲဆီကို
ချီစွမ်းအင်အနည်းငယ် ပို့ပေးလိုက်ပါ "

Resinner : Resystem ( Complete )Wo Geschichten leben. Entdecke jetzt