10:10

821 159 1
                                    

Arc 10:10

" ဟေ့... မင်းအ​ဖြစ်
ချင်ဆုံးဆန္ဒ?  "

" နားထောင်သမျှလူတိုင်းရဲ့နှလုံးကို ထိခတ်စေနိုင်မဲ့ အဆိုရှင် "

" မင်းဘာပြန်ပေးနိုင်လဲ "

" ကျွန်ုပ်ပိုင်ဆိုင်သော ကျွန်ုပ်၏ ဝိညာဥ် "

တစ်ဖက်လူသည် Avi အားမမြင်နိုင်သော်လည်း Avi ကမူ ထိုလူ၏ မျက်လုံးထောင့်ရှိမှဲ့ကိုတောင် ပြတ်သားစွာမြင်နေရသည်။
ကန့်လန့်ကာ တစ်ဖက်ခြမ်းရှိ မျက်နှာကို Avi အာရုံထဲမှတ်မိနေအောင် မှတ်သားထားလိုက်သည်။ တစ်ဖက်သူသည် ယနေ့မှစ သူ့လူဖြစ်သွားပြီ ဖြစ်သည်။

ကိစ္စတွေက ရှင်းပါသည်။
Rinata သည်ယခင်ကကဲ့သို့ သူ့အတွက် ကိုးကွယ်သူတွေရှာပေးနေခြင်းဖြစ်သည်။
သူက လူလုံးထွက်ပြစရာမလို ၊ Rinata ကသာ အရှေ့သို့ထွက်ကာ သူ့အတွက် အရာအားလုံး လုပ်ပေးနေခြင်း ။

Avi ကိစ္စပြီးသည်နှင့် Rinata ကိုနှုတ်ဆက်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။သူ့ရဲ့ ခန္တာကိုယ်တွင်လည်း သူအလိုရှိသလောက် စွမ်းအင်များကို သိမ်းဆည်းထားနိိုင်နေပြီ ဖြစ်သည်။

သည် Vena ပို့ပေးထားခဲ့သည့် Zech မြို့တွင်
Rinata နဲ့ Avi အတူမနေ ။တစ်နေရာစီ ခွဲကာနေကြ၏ ။အရေးကြီးကိစ္စများနှင့် ခုနလို ကိုးကွယ်သူကိစ္စများကြုံမှသာ Rinata က Avi ကို ဆက်သွယ်လိုက်ခြင်းဖြစ်သည်။

မျက်နှာကို ဝတ်ရုံမှပါသောခေါင်းစွပ် စွပ်ကာ ဖုံးကွယ်လိုက်ပြီး လူကြားထဲဝင်တိုးလိုက်သည်။ သူဒီမြို့မှာ ရောက်နေသည်က ကြာပြီဖြစ်သည်။ Vena မပေါ်လာသေးပေမဲ့ သူအဆင်သင့် မဖြစ်သေးသည့်အချိန်ကျမှ ရုတ်တရက် ပေါ်လာမည်ဖြစ်ကြောင်း Avi ခန့်မှန်းမိသည်။ ဒီ အမျိုးစုံသဏ္ဍာန်စုံသော လူတွေကြားထဲ တိုးဝင်ကာ လျှောက်ရခြင်းသည် Avi ကို ခေါင်းနောက်စေ၏ ။ ထိုသူတို့ကိုယ်မှထွက်သော အမျိုးစုံသော အနံ့တို့သည်လည်း Avi ရဲ့အနံ့ခံအာရုံကိုဒုက္ခပေးနေသည်။

Avi အတွက် ထိုသို့များပြားလှသည့်လူထုထဲဝင်တိုးကာ အမှောင်ထုစွမ်းအင်စုပ်ယူရခြင်းသည်လည်း ဒီတလောအတွင်း သူ မလုပ်မဖြစ်လုပ်နေရသည့် အချိန်ပို အလုပ်တစ်ခုသာ ။ Vena နှင့်လိုက်၍ Zole ကိုဖယ်ရှားမည်မဟုတ်ပါသော်လည်း တစ်နေ့ Zole နှင့်သူ တွေ့ရမည်မှာ ကျိန်းသေပင် ။သူ Zole ကိုတွေ့လည်းတွေ့ချင်ပါသည်။

Resinner : Resystem ( Complete )Where stories live. Discover now