8:1

4.7K 495 10
                                    

Arc 8:1
Ver_vain

ဘာမှမရှိတဲ့အခန်းထဲမှာအချိန်အတော်ကြာအောင်တစ်ယောက်တည်းနေခဲ့တာတောင်မှ သူ့မှာ ဝိညာဥ်စွမ်းအင်ပြည့်ဝလာမူကလွှဲပြီးအခြား ခံစားမူတွေမခံစားရပေ။ အနည်းဆုံးတော့သူ့မှာ အထီးကျန်နေတဲ့ စိတ်ခံစားမူလေး ရှိသင့်တယ်လို့ ယူဆသည်။
စိတ်ခံစားမူဆိုတဲ့နေရာမှာ ဗလာကျင်းနေပြီး ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေသည်။ဒါပေမဲ့ဒီလိုခံစားမူက သူ့ကိုအသက်ရှင်နေတဲ့လူတစ်ယောက်လိုမဖြစ်စေပေမဲ့ အတော်လေးတော့ နေရတာသက်သာသည်။

ဘာမှရှိတဲ့နေရာမှ ဘာမှရှိတော့တဲ့သူတစ်ယောက်က ဘာလုပ်ဖို့ရှိနေင့်တာလဲ ?

' One ' သူ့အတွက်မခေါ်တာကြာပြီဖြစ်တဲ့နာမ်စားတစ်ခု ၊ သူနောက်ဆုံးခေါ်ခဲ့တဲ့အချိန်က Adam ဘဝက ပြန်ရောက်လာတဲ့အချိန်ဆိုရင်မမှား။အဲ့နေ့ကနေစပြီးအခုအချိန်ထိ သူ One ကိုမခေါ်ဖြစ်ခဲ့ ။အစောပိုင်း ကတောက်ကဆဖြစ်မူတွေကြောင့်လည်း ပါမည်ထင်သည်။

( Host ဝိညာဥ်စွမ်းအား ပြန်ဖြည့်ပြီးပြီလား )

' အင်း ငါအခြားကမ္ဘာကိုကူးပြောင်းဖို့အတွက်အဆင်သင့်ဖြစ်နေပြီ '

One ကခဏတိတ်ဆိတ်သွားတာကြောင့်တိတ်ဆိတ်နေတဲ့လေထုထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့သည်။ ခဏ
အကြာမှ One က

( Host ကူးပြောင်းဖို့တော့အသင့်ဖြစ်နေပြီ ၊ ဒါပေမဲ့နောက်တစ်ခါ Mission မကျရှုံးစေနဲ့တော့ ဒီကမ္ဘာက Host အတွက်ရော Zero အတွက်ရော နောက်ဆုံးအခွင့်အရေးဘဲ )

' ငါနားလည်တယ် အခု ကူးပြောင်းပေးတော့ '

( Host ရဲ့ဝိညာဥ်စွမ်းအားအကန့်အသတ်ကြောင့်နာကျင်ရမယ်နော် )

' မင်းဘယ်တုန်းက အဲ့ဒီအရာတွေဂရုစိုက်ပေးဖူးလို့လဲ One ၊ ပို့စရာရှိတာသာပို့ပေးလိုက်တော့ '

Avi မျက်လုံးကိုမှိတ်လိုက်ကာ ဖြစ်ပေါ်လာမည့် နာကျင်မူတွေကိုစောင့်ဆိုင်းနေလိုက်သည်။ သို့ပေမဲ့ နာကျင်မူတွေမဖြစ်လာဘဲ သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်တစ်ခုလုံးပြိုကျသွားကာ သူလည်း အောက်ကိုပြုတ်ကျသွားသည်။

Resinner : Resystem ( Complete )Opowieści tętniące życiem. Odkryj je teraz