8:18

1.9K 334 0
                                    

8:18
Ver_vain

Avi လေထုထဲကိုနင်းချလိုက်သည်နှင့် ခန္တာကိုယ်တစ်ခုလုံး ပွက်ပွက်ဆူနေသည့် ချော်ရည်ပူတွေထဲကိုရောက်ရှိသွားပြီးအရိုးတွေကွဲထွက်ကာ ခြောက်သွေ့သွားနိုင်လောက်သည့်အအေး
ဒဏ်ကိုခံစားလိုက်ရသည်။ သိုပေမဲ့ avi ထိုချော်ရည်ပူထဲအချိန်ကြာကြာရှိတာတောင်မှ မသေဘဲ ရှိနေသေးသည့်အတွက်ကြောင့်မို့လို့ တစ်ခုခုထူးဆန်းနေတာကို သိသွားသည်။ဒီချော်ရည်ပူတွေက အပြင်ပိုင်းဆူပွက်နေသည့်ပုံစံနဲ့မတူဘဲ အရမ်းအေးလွန်းတယ် ။ပြီးနောက်တစ်စုံတစ်ခုကို သူ့ကိုချော်ရည်ပူတွေရဲ့အောက်ကိုဝဲဂယက်သဖွယ်
ဆွဲသွားပြီး ကျောက်တုံးသဖွယ်မာကျောသောအခံရှိ
သည့်ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။

သူ့ပတ်ဝန်းကျင်မှာ အပြာရောင်အလင်းတန်း တွေက တစ်ခန်းလုံးကိုအလင်းပေးနိုင်ပအယင်တောက်ပနေပြီး နံရံကြားထဲကနေ အဖြူရောင်အလင်းတွေထိုးထွက်နေသည်။ အပြာရောင်လင်းနေသော မညီညာသည့်ကျောက်နံရံတွေတွင် အစိမ်းရောင်အပင်အချို့ပေါက်နေပြီး အချို့က ဆေးဖက်ဝင်အပင်တွေ ရှားပါးအပင်တွေဖြစ်နေသည်။

( host မသေမှန်းသိလို့ဒီလိုခုန်ချတာမလား)

( ကျွန်တော်မေးတာကိုဖြေ host ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာလား)

' ဟုတ်စရာလား ၊ဒီအောက်မှာဒီလိုမျိုးရှိနေမယ်ဆိုတာကိုတော့ ငါခန့်မှန်းမိသားပါ ၊
ပြီးတော့ ဒရာမာနည်းနည်းခင်း
လိုက်ရတာက မင်းကို နောက်ချင်လို့ '

( host ကိုကျွန်တော်ဘယ်လောက်စိတ်ပူသွားလဲသိလား ၊ system ကြီးတစ်ခုလုံး ကိုရပ်တန့်ပစ်ဖို့အထိ တွေးခဲ့တာ)

' ဘာကိုရပ်တန့်မှာ... '

( host မကြားခဲ့ဖူးလို့ဘဲ မှတ်လိုက်ပါ )

Avi ကျောက်နံရံတွေကိုကိုင်ကြည့်လိုက်တော့ လင်ချီအစွမ်းတွေ ဖျာထွက်လာမူကိုခံစားမိပြီး နေလို့ကောင်းတာကြောင့် လက်မဖယ်ဘဲ ဆက်ကိုင်ထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုယ်ကတစ်ခုခုစုပ်ယူလာသလိုခံစားလိုက်ရသဖြင့် avi ကျောက်နံရံပေါ်ကနေ လက်ဖယ်လိုက်သည်။
ဒီကျောက်နံရံတွေက ငါ့ဆီက လင်ချီအစွမ်းကိုခံစားမိပြီး စုပ်ယူနေတာဘဲ ။

Resinner : Resystem ( Complete )Where stories live. Discover now