7:1

5.3K 628 3
                                    

Arc 7:1

ဒီကမ္ဘာကိုရောက်ရောက်ချင်း အရင်ဆုံးကမ္ဘာကူးပြောင်းမူကြောင့်ဝမ်းဗိုက်က သေမလောက်နာကျင်မူကို အံကြိတ်ကာ တောင့်ခံလိုက်ရသည်။အခုလက်ရှိ သူရောက်နေသည့်နေရာတစ်ဝိုက် ဖယောင်းတိုင်မီးအလင်ရောင်မှတစ်ပါး အခြားအလင်းရောင်မရှိဘဲ မှောင်မည်းနေ၏။Avi အရှေ့မှာ အဝိုင်းပုံသဏ္ဍာန် စီထားသည့် ဖယောင်းတိုင်တွေနှင့်အတူ မျက်နှာချင်းဆိုင်နေရာတစ်ဖက်တစ်ချက်ဆီမှာ မိန်းကလေးနှစ်ယောက် နဲ့ ကောင်လေးတစ်ယောက်ဆီရှိပြီး Avi မှလွှဲ၍ ကျန်သည့်သုံးယောက်က
အနက်ရောင်မျက်လုံးစည်းဖြင့်မျက်စိကို
ပိတ်ထားကာ တစ်ယောက်လက်ကိုတစ်ယောက်တွဲထားကြသေးသည်။

အင်းပုံစံ ဖယောင်းတိုင်စည်ဝိုင်းရဲ့အလယ်မှာ
သွေးများဖြည့်ထားသည့် ငွေဇလုံတစ်ခွက် ရှိနေသည်။ Avi ရဲ့လက်ဖဝါးရှိ စူးရှသည့်နာကျင်မူကြောင့် သူ့ရဲ့လက်ကို ငုံ့ကြည့်လိုက်တော့ လက်ဖဝါးတွင် သိပ်မနက်သည့် ဓားဒဏ်ရာကိုတွေ့လိုက်ရသည်။ထို့အတူသူ့အရှေ့ရှိ လူသုံးယောက်ဆီ၏ လက်ဖဝါးမှာလည်း ဓားဒဏ်ရာကိုယ်စီဖြင့် သွေးထွက်နေကြသည်။ ဖယောင်းတိုင် စည်းဝိုင်းတွေနဲ့အတူ ဒီလိုအင်းကွက်ပုံစံတွေက သူနဲ့
တော်တော်ကိုရင်းနှီးနေသည်။နေပါဦး သူထင်ထားသလိုတော့မဟုတ်သေးဘူးမဟုတ်လား ။

Avi မျက်စိကိုမှိတ်ချလိုက်ပြီး
One ကိုဒီကမ္ဘာရဲ့မှတ်ဉာဏ်တွေကိုပို့ပေးရန်အတွက်အကူအညီတောင်းလိုက်သည်။ မှတ်ဉာဏ်လက်ခံ လိုက်ရသည့်အတွက်ရရှိလာတဲ့နာကျင်မူကြောင့်လက်သီးတင်းတင်းဆုပ်မိသည့်အခါ လက်ဖဝါးရှိ ဓားဒဏ်ရာက ထုံကာနာကျင်သွားရပြန်သည်။

ကမ္ဘာတစ်ခုဆီကူးပြောင်းပြီးတိုင်း
သူ့အတွက် နာကျင်မူတွေက ကျိန်စာလို
ပြောမပြနိုင်လောက်အောင်ကိုပင် တိုးပွားလာသည်။သူ့ရဲ့ဝိညာဥ်ကိုမီးလောင်တိုက်သွင်းနေသလို လောင်မြိုက်နေသည့်နာကျင်မူမျိုး ၊ထိုထက်ပိုပြီး နာကျင်မူဖြစ်စေရသည့်အရာက ဒီကမ္ဘာရှိသောက်ကျိုးနည်းဇာတ်ကြောင်းကြီးကြောင့်ဖြစ်သည်။

အခုသူရောက်နေတဲ့ကမ္ဘာက သာမန်ကောလိပ်ကျောင်းသားဘဝ ၊ သုံးပွင့်ဆိုင်ချစ်ခြင်းတွေ ၊ တစ်ဖက်သတ်အချစ်တွေနဲ့ ပြည့်နှက်နေသည့်ကမ္ဘာ၊ သို့သော်လည်း ထိုသို့အချစ်တွေသာ ထုံမွှန်းနေသည့်နေရာဆိုရင်တောင် ဒီလောက်ထိအခြေအနေဆိုးမှာမဟုတ်ပေ။ ကိုယ့်ဟာကိုယ် ကျောင်းလေးအေးဆေးတတ်ပြီး ပျော်လိုက်ပါးလိုက်ဖြင့်သာ ပြီးဆုံးသွားရင် ဘယ်လောက်ကောင်းမလဲ ၊ အခုတော့ ဒီ​​သောက်ကျိုးနည်း ကမ္ဘာကြီးထဲ သောက်ကျိုးနည်း အဖြစ်အပျက်တွေ ဖြစ်သွားသေးသည်။​

Resinner : Resystem ( Complete )Where stories live. Discover now