9:5

1.5K 271 5
                                    

9:5

အလင်းရောင်ကျိုးတဲကျဲတဲသာရှိသည့် ကြိုတင်ပြင်ဆင်ထားသောလျှောက်လမ်းတွင် အသက်၁၁နှစ်အရွယ် ကလေးတစ်ယောက်ခန္တာကိုယ်ပေါ်တွင် အဝတ်ကင်းမဲ့လျက် လေးပင်စွာလျှောက်လာခဲ့သည်။ ထိုကလေးငယ်ရဲ့လက်ထဲတွင် ပုံစံဖော်ထားသည့် ဓားရှည်တစ်ချောင်းကို ကိုင်ထားရပြီး စင်မြင့်အလယ် ယဇ်ပလ္လင်အထက်၌ တင်ထားခြင်းခံရသည့် တစ်စုံတစ်ခုဆီသို့ ဦးတည်လျှောက်လှမ်းသွားနေရ၏ ။ အလင်းရောင်ကျိုးတိုးကျဲတဲ ဖြင့်အမှောင်ရိပ်ကြီးစိုးမူသာ များပြားနေသည့် အခန်းကျယ်ထဲတွင် ကြောက်ရွံ့ခြင်းမရှိ တည်ငြိမ်စွာပင် လှမ်းလျှောက်လာသည်။

ထို ကလေးငယ်ရဲ့ခေါင်းထဲ၌
ဓားကိုပစ်ချကာ ဒီထူးဆန်းတဲ့အခန်းကြီးကနေ ထွက်ပြေးချင်သည့် အတွေးများ
ပြည့်နှက်နေလိမ့်မည်။

သို့သော် ထိုကလေးငယ်မှာ သူ့၌ ထိုသို့လုပ်ရန်အတွက်အခွင့်အရေးမရှိကြောင်းကိုလည်း ကြိုသိထား၏။ တံခါးအဝတွင် ထိုကလေးငယ်၏
အမေဖြစ်သူက ရပ်စောင့်နေခဲ့ပြီး အခုလက်ရှိ ယဇ်ပလ္လင်ထက်သို့ လျှောက်လှမ်းနေသည့်သူ့ကို
အမေ့ဘက်မှ ဆွေမျိုးများကထွက်ပေါက်မရှိအောင် ဝန်းရံထားသည်။
ထိုကလေးငယ်အနေဖြင့် ရပ်မလား ၊ ဆက်လျှောက်မလားဆိုတဲ့ရွေးချယ်မူနှစ်ခုသာ ရွေးချယ်နိုင်ခွင့်ရှိသည်။

သို့သော်ဒီ နေရာမှာတင်ရပ်တန့်ရမည်ဆိုသည့်
ရွေးချယ်မူကိုတော့ ထိုကလေးငယ်
မရွေးချယ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ
ဆိုသည့်ဖြစ်တည်မူတစ်ခု ဒီလောကထက်၌ပေါ်ပေါက်လာရခြင်းမှာ
သည်အတွက်သာ ဖြစ်တည်ခဲ့ရကြောင်း သိနှင့်ပြီးသားဖြစ်နေခဲ့သဖြင့် ။ သူ့မှာရှောင်လွှဲလို့မရနိုင်သည့် ကံတရားရှိနေပါသည်ဟု ငယ်စဥ်ကတည်းက အရိုးထဲစွဲနေအောင် ရိုက်သွင်း ခံထားရသည်။ လှေကား တစ်ထစ်ချင်းဆီရဲ့ အေးစက်မူက အဝတ်မပါ ခြေဗလာဖြင့် လျှောက်နေသည့် သူ့အား အရိုးထဲမှ အေးစိမ့်မူကို တစ်ဆင့်ချင်းဆီ အရေပြားအလွှာခံနေရ
သကဲ့သို့ဖြစ်စေသည်။

ယဇ်ပလ္လင်ထက်သို့ ရောက်သည်နှင့် ပထမဆုံးမြင်ရသည်က ခြေနှင့်လက်ကို ရုန်းမရအောင်ကြိုးဖြင့်တင်းကြပ်စွာစည်းနှောင်ထားခြင်း ခံထားရသည့်အသက်ရှင်နေသော ဆိတ်တစ်ကောင် ။
ပါးစပ်ကိုပါ အဝတ်စနှင့်ပိတ်ကာစည်းထားတာကြောင့် ဘာအသံမျှမကြားရပါသော်လည်း အချို့အသံတွေကတော့ နားနဲ့ကြားရမှသာ အမှန်ကြားရခြင်းမဟုတ်မှန်း ထိုကလေးငယ်က ကြိုတင်သိနေခဲ့သည်။

Resinner : Resystem ( Complete )Where stories live. Discover now