8:32

1.6K 308 6
                                    

8:32

ဖွင့်ဟလာသည့်တံခါး၏ အနောက်ဘက်တွင် အနီရောင်တူညီဝတ်စုံဝတ်ဆင်ထားသည့်လူတစ်စုရှိပြီး ထိုအဖွဲ့ကတော့ ကျိန်းသေပေါက် ဟွမ်းရီဂိုဏ်းက လူတွေပင်ဖြစ်သည်။ တံခါးအပြင်မှာ avi တို့ကိုတွေ့
ပေမဲ့ ချက်ချင်းလည်း ပြေးထွက်မလာသလို ဝမ်းသာအားရအမူအရာလည်း မရှိအောင် မျက်နှာအမူအရာကို ထိန်းထားကြသည်။ ထိုအဖွဲ့၏ ရှေ့ဆုံးတွင် နေရာယူထားသည်မှာ ရှင်းဟူ ဖြစ်ပြီး ရှင်းဟူသည်သာ သူ့ကိုမြင်လိုက်သည်နှင့် အလွန်အမင်းပျော်ရွင်သွားပုံရသည်။

ဖြူစုတ်နေသော အသားအရည်နှင့်အတူ ယခင်က ကဲ့သို့ပန်းရောင်မသမ်းဘဲ ပြာနှမ်းနှမ်းနှုတ်ခမ်းတစ်စုံမှာ မသိတဲ့သူတွေအဖို့ ကျန်းမာရေးအခြေအနေမကောင်း သည့်သူတစ်ဦးနှယ်ထင်မြင်စေနိုင်သည်။

" ဂိုဏ်းချုပ်နဲ့ အဆိပ်သခင်ကျန်းကို ဂါရဝ ပြုပါတယ် "

လွီရီဝေမှာ နှုတ်ဆက်နေကြသည့် ထိုအဖွဲ့အား လက်ကာပြကာ ရပ်တန့်စေလျက်

" ဒါက မင်းတို့ရဲ့ ဆရာဘိုးဘိုးဘဲ ၊ ဟွမ်းရီဂိုဏ်းကို တည်ထောင်ခဲ့တဲ့ နတ်သခင်ရီဟွမ်းရှင်း "

လွီရီဝေ၏ မိတ်ဆက်မူအပြီး ဂါရဝ ပြုရန်လုပ်နေကြသည့် ဟွမ်းရီဂိုဏ်းသားတွေအား တစ်ချက်တောင်လှည့်ကြည့် ခြင်းမပြုဘဲ တစ်ဖက်သို့လှည့်ကာ

" သွားစမ်းပါ ဒီထဲမှာ ငါသိတဲ့သူတစ်ယောက်မှ မပါဘူး ၊ ဒါတွေအကုန် မင်းတပည့်တွေဘဲမလား ငါ့ကိုမနှုတ်ဆက်ခိုင်းနဲ့ ငါသိလည်းမသိချင်ဘူး "

ရှစ်စွမ်းရဲ့ စိမ်းကားလှသော
နှုတ်ဆက်စကားကြောင့် နှုတ်ဆက်ဂါရဝပြုရန်လုပ်နေကြသည့်သူများအားလုံး ရပ်တန့်သွားကြသည်။

ရှစ်စွမ်းပြောသည်မှာလည်း သိပ်ပြီးလွန်ကဲ ခြင်းမရှိပေ။ အမှန်ပင် ဤဂိုဏ်းသားထဲတွင် အရင် ရှစ်စွမ်းလက်ထက်ရှိ ဟွမ်းရီဂိုဏ်းသားများ မရှိတော့ပေ ။  ဆရာတူအစ်ကိုက သူဟွမ်းရီဂိုဏ်းချုပ်ဖြစ်ပြီးနောက်တွင် အရင် ဟွမ်းရီဂိုဏ်းသားဟောင်းများ အားလုံးကို ဂိုဏ်းမှထုတ်ပယ်ပစ်ခဲ့ကာ လူအသစ်များကို ဟွမ်းရီဂိုဏ်းအတွင်းသို့ဝင်စေခဲ့သည်။
ဆရာတူအစ်ကို ထိုအချိန်တုန်းကဆိုလျှင် အမှန်ကို ထူးဆန်းလှသည်။သို့သော်ထိုအတွေးများကို ဖယ်ထုတ်လိုက်ကာ

Resinner : Resystem ( Complete )Where stories live. Discover now