Arc 6 intro

7.2K 859 21
                                    


Avi သေဆုံးသွားမူအတွက် မကြာခင် ပျောက်ကွယ်သွားမည့် အလောင်းဘေးမှာ ငိုကြွေးနေတဲ့ Zero ကိုတွေ့နေရပေမဲ့ သူဘာမှ လုပ်ပေးလို့မရ ။အခုချိန်မှာ သူက ဘာမှဟုတ်မနေ။ မကြာခင် ဌာနချုပ်ကို ပြန်သွားရတော့မည့် Resinner ။ သူ Zero နဲ့ အတူတူနေခဲ့တဲ့ နှစ်တွေက ကြာညောင်း လှသဖြင့် ရေတွက်ရင်တောင် မှတ်မိတော့မည်မထင် ။

အခု Avi သေဆုံးခြင်းက Fairy တစ်ယောက်အတွက်တော့ သဘာဝအလျောက် ကြွေလွင့်ခြင်းသာ ၊အမှန်အတိုင်း ပြောရင် Avi က Fairy တွေရဲ့ သက်တမ်းထက်တောင် ပိုပြီး ကြာကြာ နေခဲ့ရသေးသည်။ ဒါကို ဘာလို့ ဒီ လူကြီးမကျ ကလေးမကျ Zero လေးက နားမလည် နိုင်တာပါလဲ ။

တော်သေးတာက သူသေဆုံးရမည့်ရက်ကို System ကကြိုတင် သတိပေးထားသည့်အတွက် အချို့ ပြင်ဆင်စရာတွေကို ကြိုတင် ပြင်ဆင်နိုင်ခြင်း ၊ဥပမာ - သူ 'သေဆုံးပြီးသွားနောက်' ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ လက်ရေးမူ စာအုပ်လေးတစ်အုပ်ကို Avi ထားခဲ့နိုင်သည်လေ ။

Avi မရှိတော့တဲ့နောက် သက်တမ်းရှည်လျားတဲ့ Werewolf ဘဝမှာ တစ်ယောက်တည်း ကျန်နေမည့် သူအတွက် ဒါက နောက်ဆုံး ထားခဲ့နိုင်ခြင်း ။သေဆုံးပြီးနောက် ဖုန်မှုန်အဖြင့် ပြောင်းလဲသွားရမှာခြင်း အတူတူ တချို့ သောကျန်ရှိနေမဲ့ အရာတွေကို Zero လေးနဲ့ အတူ ထားခဲ့ပေးမယ် ။ အခုတော့ Zero သူ့ကိုယ်သူ ဓားနဲ့ ထိုးမည့် မြင်ကွင်းကို စောင့်ကြည့်နေဦးမည်။

သူသေဆုံးသွားပြီးနောက်ဆိုတဲ့ စာအုပ်လေးနဲ့ အတူ ဓားတစ်ချောင်း ပါ ထားပေးခဲ့တယ်လေ ။အခု လုပ်ရမှာက ထိုဓားနဲ့ နှလုံးသား
တည့်တည့်ကို ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမဲ့ Zero ကို စောင့်ကြည့်ဖို့ ခဏ ကျန်နေခဲ့ခြင်း ။

သိပ်တောင် မစောင့်လိုက်ရပါဘူး ။
Avi ချန်ထားပေးခဲ့တဲ့ ဓားနဲ့ နှလုံးသား တည့်တည့်ကို ထိုးပြီး အသက်ကုန်သွားတဲ့ Zero ကို တွေ့လိုက်သည်။ ထိုနောက် သူ့ရဲ့လက်သူကြွယ်မှာ စွပ်ထားတဲ့ သိုလှောင်လက်စွပ်လေးထဲကို Zero ရဲ့ နှလုံးသား တည့်တည့်မှာ စိုက်နေတဲ့ ဓားကိုထည့်သိမ်းလိုက်သည်။

ဝဲဘက်ရင်အုံမှာ ဓားစိုက်ပြီး သေဆုံးနေတဲ့
Zero ရဲ့ ပုံစံက မျက်လုံးထဲက မထွက်နိုင် ၊
ဓားနဲ့ စိုက်လိုက်တဲ့အချိန် Avi ကပါ မဆီမဆိုင် စူးခနဲ နာကျင်သွားသလို ခံစားရ သေးသည်။

Resinner : Resystem ( Complete )Where stories live. Discover now