7:2

3.5K 584 1
                                    

Arc 7:2

Willy ရှိသည့်အရေးပေါ်အခန်းရှေ့က ခုံမှာထိုင်နေသည့် Avi ဆီကို Jack ရောက်လာသည်။

" Adam အရင်ဆုံးမင်းဒဏ်ရာတွေကို ဂရုစိုက်လိုက်ဦး "

သူ့ကိုစိတ်ပူပေးနေသည့်  Jack ကိုခေါင်းငဲ့ကြည့်လိုက်ပြီးနောက် Jack ပြောသည့် သူ့ရဲ့ဒဏ်ရာတွေကိုလက်နှင့် အသာပွတ်လိုက်သည်။ Willy ရဲ့သွေးတွေနဲ့ ရောနေတာကြောင့် သူ့ခန္တာကိုယ်ပေါ်ကဒဏ်ရာတွေ ခြစ်ရာတွေက သိပ်ပြီး မသိသာပေမဲ့ Jack ကဂရုစိုက်ပြီး သူ့ကိုလာမေးပေးသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" အွန်း...ကျေးဇူးပဲ "

Avi ရဲ့ကျေးဇူးတင်စကားကို Jack က ပြန်တုံ့ပြန်ခြင်းမပြုသည့်အတွက် ဆေးရုံကအဖြူရောင် ကော်ရစ်တာတစ်လျှောက်တိတ်ဆိတ်သွားသည်။တိတ်ဆိတ်ခြင်းကို အနည်းငယ်စိတ်ငြိမ်စပြုနေသည့် Avi က မေးခွန်းတစ်ခွန်းမေးခြင်းဖြင့် ဖြိုခွဲလိုက်သည်။

" ကျန်တဲ့သူတွေရော အဆင်ပြေရဲ့လား "

" အင်း ရဲတွေမေးတာ ဖြေပြီးတဲ့နောက် သူတို့အကုန်လုံး ပြန်သွားကြပြီ ၊ ဒီမှာမင်းနဲ့ငါပဲ
ကျန်နေခဲ့တာ "

" သြော်... "

" ငါတို့တွေအကုန်လုံး တောင်ပေါ်မှာ သတ္တိစမ်းပွဲ လုပ်တယ်ဆိုတာနဲ့ကျန်တာတွေအကုန်လုံးကို အမှန်အတိုင်းပဲ ပြောခဲ့တယ် အခု  သူတို့မေးဖို့က မင်းပဲရှိတော့တယ် Adam "

Jack ရဲ့စကားအဆုံး သူ့ဆီကို ရဲဝတ်စုံဝတ်ထားသည့်လူတစ်ယောက် ရောက်လာကာ မေးစရာရှိလို့ အခြားတစ်နေရာကိုသွားရန်ပြောသဖြင့်Avi လိုက်သွားလိုက်သည်။

သူထင်ထားသည့်အတိုင်းပင် ကျန်တဲ့သူတွေအတိုင်း သူ့ကို တူညီသည့်မေးခွန်းတွေမေးခဲ့သဖြင့် Avi လည်းတူညီသည့်အဖြေတွေသာ ဖြေပေးလိုက်သည်။ သူဘယ်လိုပင်ဖြေပါစေ၊ နောက်ဆုံးတွင် Willy ရဲ့ဒဏ်ရာက တောကောင် တစ်ကောင်ကောင် တိုက်ခိုက်လို့ရလာသည့်ဒဏ်ရာဟု သတ်မှတ်လိုက်ကြမှာဖြစ်သည်။

Avi ကိုစစ်မေးသည့် ရဲက သဘောကောင်းသည့်သူဖြစ်သည် ထင်သည်။ သူ့ရဲ့ဒဏ်ရာတွေကိုမြင်ပြီးတဲ့နောက် ဒဏ်ရာကိုဆေးထည့်ဖို့အတွက် သူကိုယ်တိုင်လိုက်ပို့ပေးခဲ့သည်။ထိုအကျိုးရလဒ်ကြောင့် Avi ခန္တာကိုယ်တစ်ခုလုံးပတ်တီးမလွတ်သည့်နေရာမရှိသလောက်နီးပါးဖြစ်နေသလို အချို့နေရာတွေကိုလဲ နှစ်ချက်သုံးချက် ချုပ်ခဲ့ရသေးသည်။ ဒဏ်ရာကြည့်ပေးတဲ့ဆရာဝန်က သူ့ကို နားနေဖို့ပြောသော်လည်း ယဥ်ကျေးစွာ ငြင်းပယ်လိုက်မိခဲ့၏။ Willy ရှိနေသည့်အရေးပေါ်အခန်းကို
ပြန်ရောက်တော့ ခုံတန်းမှာ ထိုင်နေသည့် Jack ကိုတွေ့သည်။

Resinner : Resystem ( Complete )Where stories live. Discover now