5:10

6.4K 976 49
                                    

Avi မျက်နှာပေါ်က မရင်းနှီးသော စိမ်းသက်တဲ့အထိအတွေ့ကြောင့် နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့မျက်မှန်ကိုချွတ်ဖို့လုပ်နေသည့် Gilar ။

" ဘာလုပ်နေတာလဲ "

" ဆောရီး မင်းအိပ်တာ မျက်မှန်နဲ့ဆိုတော့ အဆင်မပြေမှာစိုးလို့ "

သူ့ကို တောင်းပန်သည့်ပုံစံဖြင့်ပြောနေသော Gilar က Avi အပေါ်မှာ အုပ်မိုးထားသည်။ Gilar ဆီကို နေရောင်ပြပြထိုးနေသည့်အပြင် အပြာရောင်လည်းမကျ ၊ စိမ်းညို့ရောင်လည်း မကျတဲ့ မျက်လုံးတစ်စုံက Avi ကို ကုတင်ပေါ်ကနေ မထချင်အောင် ညို့ယူနိုင်သည်။ထို့အတူ Avi ရဲ့မျက်နှာကို အခုထက်ထိ အကြည့်မလွှဲသေးဘဲ

" Avi ငါမင်းကိုကြည့်နေတာ မင်းက မသိရင် အရှေ့တိုင်းကလူလိုပဲ မင်းမျက်လုံးတွေ ဆံပင်တွေက.... "

" ထားစမ်းပါ ။ ဒီနေ့ အစမ်းပွဲ
ရှိတယ်မဟုတ်လား ။ အဲ့တာကို အချိန်မှီ သွားဖို့သာ လုပ်စမ်းပါ ၊ ပြီးတော့ငါက မျက်မှန်ဝတ်အိပ်ရတာ ကြိုက်တယ် "

အထူးသဖြင့်...မင်းရှိနေရင်...။
ဆိုတဲ့စကားကိုတော့ ဆက်မပြောဖြစ်တော့ ။
သူ့ရဲ့မျက်နှာသွင်ပြင်အစစ်နဲ့ Zero အရှေ့မှာရပ်မနေချင်။

" သြော်...ကိုယ်မှမသိတာ ၊ ဒါနဲ့ ကလေးလေးအိပ်တာချစ်ဖို့ကောင်းတယ်သိလား ။သားရည်လေးတွေကျလို့ ချစ်စရာလေး "

" သေနာကောင် !! "

" ခဏနေ တွေ့မယ် "

Avi ခေါင်းအုံးနဲ့ပစ်ပေါက်မလို့ လုပ်နေတဲ့ အချိန် Gilar လည်း လျင်လျင်မြန်မြန်ပင် တံခါးနားကို ရောက်ပြီးနေပြီဖြစ်သည်။ A​vi ကို တံခါးကနေ သွားတော့မယ် ဟုသည့်ပုံစံ ဖြင့် လက်ပြလိုက်ကာ ထွက်သွားခဲ့သည်။ညက အိမ်မက်ဆိုးမက်သဖြင့် ရောက်လာ
သည့် မျက်နှာနဲ့ တခြားဆီ လန်းဆန်းတတ်ကြွနေလျက်။ Avi တောင် သူ့ဆီကနေ လန်းဆန်းမူကို နည်းနည်းလောက်ဖြစ်ဖြစ် ခွဲယူချင်မိ၏ ။

Epsilon ... Werewolf တွေရဲ့ ခေါင်းဆောင်
ဇာတ်ညွန်းထဲမှာတော့ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ ကြိုက်သွားတဲ့အချိန်မှ ရုတ်တရက်ရောက်လာခဲ့သူဖြစ်သည်။ အခုပုံစံအတိုင်းဆိုရင်တော့ Epsilon က အရင်ကတည်းက ဇာတ်လိုက်မကို လော့ရမ်ထက် အရင်ကြိုက်ခဲ့တာ ဖြစ်လောက်ပြီး ဇာတ်လိုက်မရဲ့အနားကို လာနေချင်ပုံရသည်။

Resinner : Resystem ( Complete )Where stories live. Discover now