6:1

7.5K 862 20
                                    

Avi ရဲ့ ဝမ်းဗိုက်က ကမ္ဘာ ကူးပြောင်းမူ
ကြောင့် နာကျင်နေမူနဲ့အတူ နှာခေါင်းထဲ ရောက်ရှိလာတဲ့ ကော်ဖီနံ့သင်းသင်းလေးနဲ့
Piano သံ တိုးတိုးလေး ကိုပါ ကြားလိုက်သည်။ သူ့ရဲ့ အရှေ့မှာ လူတစ်ယောက် ရပ်နေပေမဲ့ ဘာမှတ်ဉာဏ်မှ မရှိဘဲ ရမ်းသမ်းပြီး စကားမပြောချင်တာကြောင့် ကျက်သတုံးဆီကနေပဲ မှတ်ဥာဏ်ကို တောင်းလိုက်သည်။

" ငါ့ကို အချက်အလက်တွေ ပို့ပေး "

ဝမ်းဗိုက်က ထိုးအောင့်နေတဲ့ နာကျင်မူတောင် မပျောက်သေး ၊ ခေါင်းထဲကို ရိုက်ခတ်လာတဲ့ မှတ်ဉာဏ်တချို့ကြောင့် လဲမကျစေရန် ဘေးမှာရှိနေတဲ့ တန်းတစ်ခုကို အလျင်အမြန်ဆုပ် ကိုင်ထားလိုက်ရသည်။

သူ အခုရောက်နေတဲ့ကမ္ဘာ က ဇာတ်လိုက်
နာမည်က ငြိုးမာန်ခနိုင် ။
ငယ်စဥ်ကတည်းက မိဘ တွေရဲ့ စွန့်ပယ်မူကို အကြိမ်ကြိမ် ခံခဲ့ရတဲ့အတွက် သံသယလွန်ကဲတဲ့ စိတ်ရောဂါကို ခံစားနေရတဲ့သူတစ်ယောက် ၊ဆွေမျိုးသားချင်းတွေနဲ့ အတူ မိခင်ရဲ့ သစ္စာ ဖောက်မူကို ခံစား ခဲ့ရသည့်အပြင် သူနဲ့ အနီးစပ်ဆုံးမှာရှိနေတဲ့ သူတွေရဲ့ သစ္စာဖောက်မူကိုပါ ခံခဲ့ရသဖြင့် သံသယလွန်ကဲတဲ့ စိတ်ရောဂါကို ခံစားနေရတဲ့သူ ၊

ထို လူအတွက် အယုံကြည်ဆုံး သူတစ်ယောက်က ငြိုးမာန်ခနိုင် နဲ့ ငယ်စဥ်ကတည်းက ပေါင်းသင်းလာခဲ့တဲ့ ငယ်သူငယ်ချင်း နှိုင်းစစ်သွေးမာန် ဖြစ်ပြီး သူ့ တစ်ယောက်တည်းသာ ယုံကြည်ခဲ့သည်။
ဒါပေမဲ့ နှိုင်းစစ်ကို သူငယ်ချင်းထက် ပိုတဲ့ခံစားချက်တွေ ရှိနေမှန်းသိခဲ့တဲ့အချိန် Gender တူညီနေမူကြောင့် သူ့ကို ရွံရှာသွားမည်စိုး၍ ဖွင့်မပြောဘဲ တိတ်တခိုးသာ ချစ်ခဲ့သည်။

ဒါပေမဲ့ နှိုင်းစစ်ရဲ့ရည်းစားဆိုတဲ့ ယောက်ျား လေးတစ်ယောက်ကို နှိုင်းစစ် မိတ်ဆက်ပေးခဲ့တဲ့အချိန် သူထင်ထားတဲ့ အရာတွေ အကုန်လုံး မှားယွင်းသွားကြောင်းသိလိုက်
သည့်အပြင် နှိုင်းစစ်က သူ့လိုပဲ Gay ဆိုတဲ့ အကြောင်းအရာကို သိလိုက်ရတဲ့အတွက် ပျော်သွားပေးမဲ့ နှိုင်းစစ်ရဲ့ ရည်းစားကို သူ မုန်းလာသည်။

ထို့ကြောင့် နှိုင်းစစ်ရဲ့အရှေ့မှာ
နှိုင်းစစ်ရဲ့ ရည်းစားနဲ့ အဆင်ပြေအောင် ရင်းရင်းနှီးနှီးနေခဲ့ပြီးနောက်ပိုင်း နှိုင်းစစ်ရဲ့ရည်းစားကို ကားနဲ့တိုက်ကာ
အရက်မူး၍ မတော်တဆ သေဆုံးပုံ မျိုးဖမ်းလိုက်ကာ လောကကြီးအားနှုတ်ဆက်စေ
ခဲ့သည်။ ငြိုးမာန်ခကတော့ နှိုင်းစစ်ကို အားပေးရင်း နှိုင်းစစ်လိုအပ်နေတဲ့ အချိန် ဘေးနားမှာ ရှိနေပေးရင်းဖြင့် နောက်ဆုံးတွင် နှိုင်းစစ်နှင့် ကြိုက်သွားပြီး ကန့်လန့်ကာ အနီလေးချကာ ဇာတ်လမ်းလေးပြီးဆုံးသွားခဲ့သည်။

Resinner : Resystem ( Complete )जहाँ कहानियाँ रहती हैं। अभी खोजें