6:11

4.2K 807 37
                                    

သူ့ရဲ့ဘေးနားက ကိုကိုမရှိသဖြင့် လစ်လပ်သွားကာ တစ်ဖြည်းဖြည်းချင်း ရွေ့လျားသွားသည့်အရာကြောင့်သူနိုးလာသော်လည်း မျက်လုံးကိုအကုန်လုံးမဖွင့်နိုင်သေးပေ။
သူမြင်လိုက်သည်က သူတို့အခန်းတံခါးအရှေ့တွင်ရပ်နေသော သူ့ရဲ့အဖေ
က သူ့ ဘေးနားမှာအိပ်နေသည့် ကိုကို့ ကို သူမသိအောင်လျှို့ဝှက်စွာခေါ်နေသည်။

မျက်လုံးကိုပိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်ပြီး ကိုကို ပြန်လာမည့်အချိန်ကိုစောင့်နေသည်။ အချိန်ကာလတစ်ခုထိကြာအောင် ကိုကိုပြန်မလာသည့်အခါ သူ့ရဲ့မျက်လုံးထဲမှာ ပြန်မြင်ယောင်လာသည့်အရာက
သူ့ရဲ့အဖေနှင့်လုပ်ဖော်ကိုင်ဖက်အချို့ စကားပြောနေသည့် Group Chat မှစာတချို့၊ ပြီးနောက် လော့ခတ်သိမ်းထားသည့်နေရာမှတန်းစီထွက်ကျလာသည့် Video File များ။

ထို Group Chat ထဲတွင် သူ့အဖေ
က အရမ်းအရသာရှိမည့် ကောင်လေးတစ်ဦးကိုတွေ့ထားကြောင်းနှင့် ဒီအတောအတွင်း ရယူပြမည်ဖြစ်ကြောင်း သက်သေအနေဖြင့် Video ပါ ရိုက်ပြကာ Group ထဲတွင်ပြန်၍မျှဝေမည် ဖြစ်ကြောင်းကိုသူတွေ့ ခဲ့သည်။ ရတုထင်ခဲ့တာက သူ့အဖေ
ပြောသေယ အရသာရှိသည့်ကောင်လေးဆိုတာ သူ့ကိုပြောခြင်းဖြစ်ရမည်ဟု ထင်ထားပြီး ကြိုတင်ပြင်ဆင်မူတွေတောင်လုပ်ထားပြီးပြီဖြစ်သည်။

သူ့ခေါင်းအုံးအောက်မှာ ဝှက်ထားသည့် ဓားသေးလေးက သူ့ကိုလှောင်ရယ်နေသလိုပင်။ ချက်ချင်းကုတင်ပေါ်ကနေဆင်းကာ သူ့အဖေ
ရှိလောက်မည့် သူ့အမေရဲ့အခန်းကိုဦးတည်ကာ ပြေးသွားသည်။လျှောက်လမ်းတစ်လျှောက်လုံးမီးအိမ်မှိန်ပြပြလေးတွေသာ ထွန်းထားသဖြင့် အနည်းငယ်မှောင်နေပေမဲ့ သူသွားရမည့်လမ်းကိုမတွေ့တာတော့မဟုတ် ၊ သူ့အမေရဲ့အခန်းတံခါးကိုလှည့်ဖွင့်တော့ အတွင်းဘက်က သော့ခတ်ထားသည်။ အပြင်ကနေ ဖွင့်လို့ရမည့်သော့တွဲကလည်း သူ့အမေအခန်းထဲမှာရှိနေသည်။ အခန်းထဲရှိအသံတွေကိုကြားရစေရန်အတွက် တံခါးနားကိုကပ်ကာ နားရွက်တွေနီရဲကာ နာလာသည့်အထိကပ်ပြီးနားထောင်သော်လည်း ဘာမှမကြား ၊ ဘေးရှိခုံတွင်အလှပန်းအိုးအဖြစ်ထားထားသည့် ပန်းအိုးကိုယူကာ အထဲရှိပန်းခြောက်တွေကို ကြမ်းပေါ်သို့လွင့်ပစ်လိုက်သည်။

Resinner : Resystem ( Complete )Tahanan ng mga kuwento. Tumuklas ngayon