8:16

1.9K 371 36
                                    

8:16
Ver_vain

ရောက်ရှိလာသည့်ပြသာနာတတ်သော မိစ္ဆာနှစ်ကောင်မှာ ကျွဲမိစ္ဆာနှင့် ယုန်မိစ္ဆာ တစ်ကောင်သာဖြစ်ပြီး ကြည့်လိုက်တာနှင့် ဘယ်သူကဘယ်သူ့ကိုရန်စသည်ဆိုတာ အသိသာကြီးပင်ဖြစ်သည်။

" ပြသာနာရှာတဲ့ကျွဲမိစ္ဆာ မင်းဒီနှစ် မိစ္ဆာနယ်မြေထဲခိုလှုံခွင့်မရှိဘူး "

" နတ်ဆိုးစစ်သူကြီး ကျွန်တော်ပြောတာကိုသေချာနားထောင်ပြီးမှ ဆုံးဖြတ်ပေးပါ ၊ ဒီ ယုန်မိစ္ဆာက ကျွန်တော်ရဲ့ခေါင်းကို ရိုက်ပြီးရန်စတာ အဲ့ဒီနေရာမှာရှိတဲ့မိစ္ဆာတွေအကုန်လုံးမြင်ကြပါတယ် "

ကျွဲမိစ္ဆာအနောက်မှာရှိသည့် သူတို့နှင့်ရောယောင်ကာ လိုက်ပါလာသည့်ကျန်သည့်မိစ္ဆာတွေက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

" မဟုတ်ပါဘူး မြင့်မြတ်လှတဲ့နတ်ဆိုးစစ်သူကြီး၊
ကျွန်တော်နှာခေါင်းယားလို့နှာချေမိသွားတဲ့အခါမှာ
မတော်တဆ ဒီချောမောလှတဲ့ကျွဲမိစ္ဆာရဲ့ခေါင်းကိုထိခတ်မိသွားတာပါ "

Avi စကားကြောင့် အနောက်မှာရှိတဲ့ မိစ္ဆာအုပ်တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ ဖြစ်ကြောင်းကုန်စင်ကို အကုန်မမြင်လိုက်ရသည့် မိစ္ဆာတွေအနေနဲ့တော့ အင်အားကြီးသတ္တဝါတစ်ကောင်ကို မတော်တဆ ရန်စမိသွားသည့် သနားစရာ အကောင်ငယ်လေးလို့ avi ကိုသတ်မှတ်လိုက်ကြကာ အမှားသေးသေးလေးကိုတောင် လက်ခံပေစနိုင်ခြင်းမရှိသည့် ကျွဲမိစ္ဆာကတော့ အယုတ်မာဆုံးမိစ္ဆာတစ်ကောင်အလိုလိုဖြစ်သွားသည်။

သို့ပေသိ avi လုပ်သမျှ အရာတွေအကုန်မြင်လိုက်ရသည့် မိစ္ဆာတွေကတော့ ပြောစရာစကားပျောက်ရှကာ ထိုနေရာမှာတင်ရပ်ပြီး avi ကိုကြည့်နေကြသည်။ထိုယုန်မိစ္ဆာ မီးခိုးရောင်ဝံပုလွေမိစ္ဆာကိုတမင် ရန်စခဲ့သည်ကိုသူတို့မြင်ခဲ့သလို
ကျွဲတစ်ကောင်ရဲ့အထွတ်အမြတ်ထားရာ ချိုတွေကို ကိုင်ပြီး အမြင်ကတ်စရာကောင်းသည့် မျက်နှာပေးလုပ်ပြခဲ့သည်ကိုလည်း သူတို့မြင်ခဲ့သေးသည်။

အမှန်တရားသိတဲ့သူမရှိလို့ဗြောင်လိမ်တယိထားဦးတော့ ၊ အမှန်တရားကိုမျက်မြင်တွေ့လိုက်ရသည့် သူတို့လိုမိစ္ဆာတွေကို ​ေနာက်ထားကာ ပြောင်ပြောင်တင်တင်းပြောရဲသည့် ထိုယုန်မိစ္ဆာက အမှန်ကိုမျက်နှာပြောင်သည်။ သူတို့လို မိစ္ဆာတွေအတွက်တောင် avi ရဲ့မျက်နှာပြောင်အရှက်မရှိမူက တစ်ပန်းသာသွားခဲ့သည်။

Resinner : Resystem ( Complete )Where stories live. Discover now