8:20

1.9K 316 3
                                    

8:20
Ver_vain

ပျားပန်းခတ်မျှ ​ပြည့်နှက်ရှုပ်ရှက်ခတ်နေသော မိစ္ဆာတို့၏ပွဲတော်သည် နတ်ဆိုးဘုရင်ကြီး၏ လျှပ်တပြက် ဖြတ်သန်းသွားမူတွင်ငြိမ်သက်သွား၏။
သူတို့၏နတ်ဆိုးဘုရင်ကြီးက မိစ္ဆာတို့၏ပွဲတော်ကိုလာရောက်တာလည်းမဟုတ်သလို ဒီနေရာမှာရပ်တန့်သွားခြင်းမျိုးမဟုတ်ဘဲ ခဏတာဖြတ်သန်းသွားခြင်းငှာ။

သို့သော်ငြား ထိုသို့အလျှင်စလိုဖြတ်သန်းသွားလာမူကတင် ထူးဆန်းနေပြီဖြစ်ပြီး နတ်ဆိုးဘုရင်ကြီး၏ ရင်ခွင်ထဲတွင် တစ်စုံတစ်ခု ပွေ့ချီထားပုံရသည်။
နတ်ဆိုးစစ်သူကြီးမုရွယ်က လမ်းရှင်းပေးနေပြီး ထိုအနောက်တွင်နတ်ဆိုးဘုရင်ကြီးက လျှင်မြင်စွာရွှေ့လျားသွားသည်။ဒါက သူတို့မြင်လိုက်ရသည့်
သုံးစက္ကန့်စာမျှ အကုန်သာဖြစ်သည်။

" အရှင်ကြီး နတ်ဆိုးစစ်သူကြီးကျောင်းတာ့က
ကျင့်ကြံသူတစ်ဦးနဲ့အတူ ညီလာခံစုဝေးတဲ့နေရာမှာ စောင့်ဆိုင်းနေပါတယ် "

နန်းတော်ရှေ့တွင်တွေ့သည့် ခြေမြန်တော်ရဲ့စကားကို
လက်ခံသည့်အနေဖြင့်ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး "ဆက်စောင့်ခိုင်းထားလိုက် "

" အမိန့်တော်အတိုင်းပါ အရှင်ကြီး "ခြေမြန်တော်လေးက အမိန့်ရသည်နှင့် လျင်မြန်စွာထွက်ခွာသွားလေသည်။

သူ့ရဲ့ရင်ခွင်ထဲ တုန်ယင်ကာ မျက်ခုံးတွေတွန့်ချိုးထားသည့် ထိုသူရဲ့မျက်နှာကို သူတစ်ခါမှ မမြင်ဖူးတာမှန်သော်ငြားလည်း တစ်နေရာရာမှာရင်းနှီးနေသလိုပင်။ နက်မှောင်သည့်ပိတုန်းရောင်ဆံနွယ်တွေက လှုပ်ရှားမူ​ကြောင့်မျက်နှာတစ်ဝက်ကိုအလိုလိုဖုံးအုပ်ပြီးသားဖြစ်နေပြီး ပြာနှမ်းနေသည့်နှုတ်ခမ်းသားကို သိသာထင်ရှားအောင်အထောက်အပံ့ပေးနေသည်။

" မုရွယ် သမားတော်တစ်ယောက်အမြန်ရှာလာခဲ့ "

' ဘယ်ကသမားတော်လဲ 'မိစ္ဆာနယ်မြေမှာ သမားတော်မရှိတာ အရှင်ကြီးမေ့နေတာလား ။ရှိရင်တောင် မိစ္ဆာတွေကိုကုသပေးတဲ့သူဘဲရှိမှာပေါ့၊ မိစ္ဆာတစ်ယောက်၏ခန္တာကိုယ်နဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ခန္တာကိုယ်ကအရမ်းကွာခြားလွန်းသည်လေ။မည်သို့ပင်ဖြစ်စေကာမူ အရှင်ကြီးက အရှင်ကြီးဘဲဖြစ်သည်။ မရှိလျှင်ရှိအောင်လုပ်ရမည်၊မဖြစ်လျှင်ဖြစ်အောင်လုပ်ရမည်။

Resinner : Resystem ( Complete )Where stories live. Discover now