10:5

844 154 1
                                    

Arc 10:5

Avi ဘာမှတောင် ထပ်ပြီး မပြောနိုင်သေးခင်မှာဘဲ Vena ဦးတည်သည့်နေရာဖြစ်သော
ငရဲဂိတ်ဝနှင့် ဆန့်ကျင်ဘက်နေရာသို့ ရောက်လာခဲ့သည်။ထိုနေရာက Reole ကိုယ်တိုင် စောင့်ရှောက်သည့် နေရာပင်။

" Vena အဲ့ဒီနေရာက Reole နေတာ မဟုတ်ဘူးလား "

" ဟုတ်တယ် "

အချိန်မဆိုင်းဘဲ ချက်ချင်း ဖြေလိုက်သည့်
Vena ပင် ။

" ဘာလို့ အဲ့ဒီ့ကို "

Vena သည် သူမ၏ ရေခဲပြာရောင် နှုတ်ခမ်းပါးကို ကော့ညွတ်စေလိုက်ကာ

" အဲ့ဒီ့နေရာက အကာအကွယ် အနည်းဆုံးပဲ ၊ ပြီးတော့ အခုအချိန် Reole က သူ့နေရာမှာသူမရှိဘူး "

ထိုသံဆူးကြိုးအထပ်ထပ်ဖြင့် ကာရံထားသည့် ဂိတ်ဝနှင့် ပိုမိုနီးကပ်လာလေ ၊ အန္တရာယ်နှင့်ပိုနီးကပ်လာသည်ဟု Avi ခံစားရလေဖြစ်သည်။ ထိုနေရာတွင် Reole မရှိဘူးဆိုဦးတော့၊ ငရဲပြည်ဂိတ်ဝ ဖြစ်သည့်
အပြင်ထွက်ဂိတ်ကိုမူ အစောင့်မရှိ ဗလာသီးသန့် ထားမည်မဟုတ်သည့်အပြင် လွယ်ကူစွာ ဖြတ်သန်းလို့ ရအောင်လည်း ထားထားမည်မဟုတ်ပေ။

" Vena ... !!"

Avi သတိပေးလိုက်သံတောင်မဆုံးသေး ။ ဂိတ်ဝသို့ စွန်ရဲနဲ့အတူ တဟုန်ထိုး ဆင်းသက်လာသည့် Vena ကို ဂိတ်ဝရှိ အစောင့်များက အသင့်အနေအထားဖြင့် တိုက်ခိုက်ရန်ပြင်ဆင်ထားပြီး ဂိတ်ဝကိုကာကွယ်ဖို့အတွက် အဆင်သင့်ပြုလုပ်ထားပါသော်လည်း Vena ကမူ သူမ၏ အရှိန်ကို အနည်းငယ်တောင် မလျော့ပေ ။ အရှိန်ကို ပို၍ပင် တိုးမြင့်ကာ သူမ၏ လက်တစ်ဖက်တွင် ငွေပြာရောင်အခိုးအငွေ့များကို စုစည်း စေလိုက်ပြီး တိုက်ခိုက်ဖို့အတွက်
အသင့်ပြင်ထား၏ ။

" Vena !! "

" Lynx ငါတို့နှစ်ယောက်ပေါင်း တိုက်ပွဲတစ်ခု ဖန်တီးကြည့်ကြမလား "

Vena ပြောသည်ကို သူနားမလည်သေးခင်မှာဘဲ သူမလက်ထဲရှိ ငွေပြာရောင် အခိုးအငွေ့လုံးသည် Avi နံဘေးမှ ကျော်ဖြတ်လျက် ဂိတ်ဝတွင် စောင့်နေကြသော ငရဲသားများထဲ တန်းတန်းမတ်မတ်ကျရောက်သွားခဲ့သည်။ Vena ၏ အစွမ်းကြောင့် အေးခဲသွားသည့် ငရဲသားများသည် အချိန်ကြာကြာ တောင့်ခဲသွားခြင်းမရှိပေ။ ခဏအတွင်းပင် ထိုငရဲသားကို ခဲထားသည့် ရေခဲလွှာသည် အပူငွေ့ကြောင့် အရည်ပျော်ကျသွားသည်။ Avi မှတ်ထားမိသလောက် အရည်ပျော်ကျရန်ကြာမြင့်ချိန်မှာလည်း ငါးစက္ကန့်သာသာမျှသာ ။

Resinner : Resystem ( Complete )Where stories live. Discover now