5:6

6.4K 871 48
                                    

"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"

ဟေ့ Avi မင်းအဆင်ပြေရဲ့လား "

သူ့ကို ပုခုံးချင်းတိုက်ကာ ရင်းနှီးနေဟန်ဖြင့် လာမေးသည့် လော့ရမ်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ကြည့်ရတာ ငါအခုထိ မျက်နှာဖုံးချွတ်လို့ မရသေးဘူးပဲ ၊
မျက်နှာဖုံးချွတ်ခွင့်မရှိသေးဘူးပဲ ။အိမ်မက်က အိမ်မက်ဘဲလေ ၊ဘယ်သောအခါမှ လက်တွေဖြစ်လာမှမဟုတ်တဲ့အပေါစားအိမ်မက် ၊ Avi သူ့ရဲ့အတွေးတွေကို သူကိုယ်တိုင် လှောင်ရယ်ပစ်လိုက်သည်။ အရမ်းခါးသက်လွန်းသည်။

" Avi မင်းဘာတွေ ရယ်နေတာလဲ "

သူအခုထိ လော့ရမ်ရှေ့မှာဘဲ ဆိုတာကို သတိရသွားသည့်အတွက် အပြင်ပိုင်းက လှပနေပေမဲ့အတွင်းပိုင်းမှာ ပုပ်သိုးဆွေးမြည့်နေသည့်မျက်နှာဖုံးကို ပြန်တပ်လိုက်သည်။

" ဘာမှမဖြစ်ပါဘူး ဒီလိုပဲ ရယ်စရာလေးတွေးမိလို့ "

" မင်းကြည့်ရတာ နေမကောင်းတဲ့ပုံဘဲ အခုဘာအတန်းတတ်ရမှာလဲ "

" Bedevil "

လော့ရမ် တွေးတွေးဆဆနှင့်ပင် သူထိုအတန်းကိုမတတ်ဖူးပေမဲ့ထိုအတန်းက အရမ်းပင်ပန်းသည်ဟုကြားဖူးသည်။ တကယ်လို့ Avi သာ သွားတတ်ရင် ဒီထက်ပိုပင်ပန်းတော့မှာဘဲ ။

" အဲ့တာ မကောင်းဘူး။ အဲ့အတန်းက အရမ်းပင်ပန်းတာဆိုပဲ၊ မင်း ပင်ပန်းနေရင်နားလိုက်၊ ငါသွားပြောပေးမယ် "

လော့ရမ် မျက်ခုံးပင့်လိုက်ကာ အလိုမကျသည့်ပုံစံဖြင့် Avi ကိုပြန်ပြောလိုက်သည်။လော့ရမ်ရဲ့တွန့်ချိုးနေသည့်မျက်ခုံးနှစ်ဖက်ကို သူ့ရဲ့မသိစိတ်က အလိုလိုပင် လက်ဖြင့်အသာအယာ ဖြေလျော့ပေးလိုက်သည်။
ပြီးတော့ ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ပြန်ထွက်လာခဲ့သည်။

Resinner : Resystem ( Complete )Where stories live. Discover now