10:19

754 142 0
                                    

Arc 10:19

ရောက်ရှိလာသည့် သတင်းများသည် နားနှင့်နားထောင်ရန်ပင်ခက်ခဲလွန်းလှသည်။
အလင်းနတ်ဘုရားကိုးကွယ်ကြသူများသည်တစ်ဦးနှင့်တစ်ဦး မည်မျှပင်ဝေးကွာစေကာမူ အဆက်အသွယ်ရှိကြသည်။

စာတွေထဲကတစ်ဆင့် သူတို့မသိသည့်လောကရှိ အလင်းနတ်ဘုရားကို ကိုးကွယ်ကြသူများ မည့်သို့မည်ပုံဖြစ်နေမှန်းကို သိရှိနေကြရသည်။ အချို့သည် သေကြသည်၊ အချို့သည် ကပ်ရောဂါ၊အနာကြီးရောဂါကဲ့သို့ကုမရနိုင်သော ရောဂါများစွဲကပ်ကုန်ကြသည်။

ထို့အတူ *အလင်းနတ်ဘုရားအားကိုးကွယ်ယုံကြည်ကြသူတိုင်း အဆုံးမရှိသော ပျက်စီးခြင်းများ ကြုံဆုံရလိမ့်မည်ဖြစ်ပြီး အမှောင်နတ်ဘုရား ကို ကိုးကွယ်ကြသည့်သူတိုင်းသည် ပျက်စီးခြင်းများမှ ကယ်တင်ခြင်းခံရလိမ့်မည်။ အလင်းနတ်ဘုရားသည် ကံဆိုးခြင်းများ သယ်ဆောင်လာကာ ထိုကံဆိုးမူများကို အမှောင်နတ်ဘုရားမှ တိုက်ထုတ်ပေးလိမ့်မည်။ကမ္ဘာကြီးသည် ပြောင်းပြန်သဘောတရားအတိုင်း လှည့်ပတ်နေပြီဖြစ်ရာ ကမ္ဘာတွင်နေထိုင်သည့် သက်ရှိတိုင်းသည် ပြောင်းပြန်သဘောတရားကိုသာ ကျင့်သုံးကြရလိမ့်မည်။ မိုက်မဲသူတွေအတွက် အမိုက်အမှောင်အလင်းတန်းသည်
အမြဲတည်ရှိနေလိမ့်မည် *

ဟုသောကောလဟာလ ဟောကိန်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။ထိုဟောကိန်းကြောင့်ပင် အလင်းနတ်ဘုရားကို စွန့်ပစ်ကြသူများမှာ ပို၍တောင်များပြားလာကြသည်။

တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည့် ကံဆိုးမူများကိုတိုက်ဆိုင်မူဟု မတွေးနိုင်ကြတော့ဘဲ ဟောကိန်းကြောင့်ဟု ယုံကြည်လာကြသည်။

သူတို့သည် အဘယ်ကြောင့် မူလတို့၏အစဖြစ်သောနတ်ဘုရားZole ကိုမယုံကြည်ကြပါသနည်း ။ထိုအဖြေကို ငယ်စဥ်ကတည်းမှ ကိုးကွယ်လာသည့် Shong သည် မည်သို့မျှစဥ်းစား၍မရ။

အလင်းနတ်ဘုရားLord Zole သည် သူတို့အား ဘယ်လောက်ထိ ကောင်းမွန်မူ ၊ မွန်မြတ်မူများကို ပေးကမ်းချီးမြင့်နေသည်ဆိုတာကို ထိုသူတို့ မမြင်ကြ။

ယခုလက်ရှိဖြစ်ပေါ်နေသည့် အရာများသည် စမ်းသပ်နေခြင်းသာ။ သူ့အားတကယ် ရိုသေချစ်ခင်သူများအတွက်သာ တည်ရှိနေမည်ဖြစ်တဲ့အတွက်အလင်းနတ်ဘုရား Lord Zole လူစစ်နေခြင်းသာ။ ထွက်ခွာသွားသောသူများသည် ကျရှုံးသူများဖြစ်၍ နောက်ဆုံးထိကျန်ရှိနေသည့် သူများသည် စမ်းသပ်ချက်ကို အောင်မြင်ကြမည့်သူများဖြစ်သည်။

Resinner : Resystem ( Complete )Where stories live. Discover now