5:5

6.2K 887 8
                                    

Avi မျက်မှန်ကိုချွတ်လိုက်ကာ Fairy တစ်ဖြစ်လည်း Wendy ကိုပြုံးပြီးကြည့်လိုက်သည်။
တလက်လက်တောက်ပနေတဲ့ အတောင်ပံတစ်စုံက Wendy ကို Fairy ဟုသက်သေပြနေသလို။

" လွန်ခဲ့တဲ့ခြောက်နှစ်က ခင်ဗျားသက်သက်ရွေးချယ်ပေးခဲ့တဲ့ ကျွန်တော်ကိုမှတ်မိလား "

Wendy က အတန်ကြာ Avi မျက်နှာကိုကြည့်လိုက်ပြီး စဉ်းစားလိုက်ရပုံပေါ်နေသည်။
ဒါပေမဲ့သိပ်မကြာလိုက်ပါဘူး။
သူ ပယ်ထုတ်ခဲ့တဲ့ Black Sheep ကိုမှတ်မိလိုက်တယ်။

နည်းနည်းထူးဆန်းနေတဲ့ကောင်လေး။
သာမန် Black Sheep တွေလို ဘယ်နေရာမှာမှသုံးစားလို့မရတာမဟုတ်ပေမဲ့
White Magician မဖြစ်နိုင်တဲ့အတွက်
သူ ကိုယ်တိုင်ပယ်ထုတ်ခဲ့တဲ့သူ။

" မင်းကိုး.... ဘာဖြစ်လို့ငါ့ကိုခေါ်တာလဲ "

Fairy တွေကိုဆက်ဆံရေးနူးညံသိမ်မွေ့ကာ
လှပတဲ့ ယဉ်ကျေးတဲ့ချစ်စရာနတ်သမီးငယ်လေးတွေလို့ အဓိပ္ပါယ်ဖွင့်ဆိုထားသည့် အဘိဓါန် ကိုနောက်တစ်ခါ သွားလှန်ကြည့်ပြီး မေးလိုက်ချင်သည်။ ပြောင်းပြန်များအဓိပ္ပါယ်ကောက်လိုက်လားလို့။ဒါမှမဟုတ် Wendy ကပဲ Fairy တွေရဲ့ အကြီးအမှူးဖြစ်နေသည့်အတွက်ဒီလိုဖြစ်နေတာလား ။

" ကျွန်တော်သိချင်တာက ကျွန်တော်ကို လွန်ခဲ့တဲ့ ခြောက်နှစ်က ဘာလို့မရွေးချယ်ခဲ့တာလဲ "

" အဲ့ဒါလေးမေးဖို့အတွက် Side Effects တွေကိုလက်ခံပြီး ငါ့ကိုခေါ်တယ်ပေါ့ "

Wendy ရဲ့ ခေါင်းလောင်းသံစူးစူးလေးနဲ့
အသံသေးသေးလေးကို Avi အာရုံစိုက်ပြီးနားထောင်နေလိုက်သည်။Fairy ကိုခေါ်မည်ဆိုကတည်းက သူ့ရဲ့Sences တွေအကုန်လုံးကို သေချာ သတိထားရသည်။ အခန့်မသင့်ပါကတော်တော်ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်သည်။ကန်းပါကန်းသွားနိုင်ပြီးရာသက်ပန်ဆုံးရှုံးသွားနိုင်၏။

" ပြောပါ "

" မင်းကိုမရွေးတဲ့ အကြောင်းက White Magicians ဖြစ်ဖို့အတွက် မင်းရဲ့ဝိညာဉ်က သန့်စင်မူမရှိဘူး "

ဟုတ်ပြီ သူ့ဝိညာဥ်သန့်စင်မူ မရှိတာကိုလက်ခံပေးလို့ရတယ်။ ဒါဆို Daemon တွေကရော... ။ သူကDaemon တွေနဲ့လည်းမသင့်တော်ဘူးလား။

Resinner : Resystem ( Complete )Where stories live. Discover now