8:15

2K 338 12
                                    

8:15
Ver_vain

အလင်းရောင်မှိန်ဖျော့နေသည့်မျက်ဝန်းတစ်စုံက
အေးစက်ခြောက်သွေ့နေသည့် အခန်းတစ်ခုတွင် အတားအဆီးမရှိစွာ ပွင့်လျက်သားဖြစ်နေသည်။ အကယ်၍ အခုချိန်မှာ တစ်ယောက်ယောက်ကသာ သူ့ရဲ့ ဒီပုံစံကိုမြင်လျှင် ရူးနေတဲ့သူ ဒါမှမဟုတ်
ဆယ်ပြားလိုနေသူဟုထင်မည်မှာသေချာသည်။

ထူးခြားသည့်ပုံစံကို နောက်တစ်ခေါက်
ထပ်ပြောပြရမည်ဆိုလျှင်
မှောင်မဲနေသည့်အခန်းထဲတွင် လူတစ်ယောက် သတိလက်လွတ်စွာနှင့် မျက်လုံးပွင့်လျက်သား လဲလျောင်းနေသည်။

သူ့ကိုကြည့်ရသည်မှာ တစ်ခုခုကို အပြင်းအထန်
စဥ်းစားနေသည့်ပုံစံလည်းဖြစ်နေသလို သူနိုးလာသည်မှစ၍ အခုအချိန်ထိ အနည်းငယ်တောင် လှုပ်ရှားမူမရှိသည့်အတွက် မသိသည့်လူတွေဆိုလျှင်တစ်ကိုယ်လုံးရှိ အကြောတွေသေဆုံးနေကာ သေမည့်ရက်ကိုထိုင်စောင့်နေသည့်လူတစ်ဦး အဖြစ်သတ်မှတ်သွား ကြမည်မှာသေချာသည်။

' one...'

'One...'

( ဟုတ်ကဲ့host )

' sinner တွေက အိမ်မက် မက်တတ်ကြလား '

( ကျွန်တော်သိသလောက်ဆို သူတို့မမက်တတ်ကြဘူး  )

' ... '

( host ဘာဖြစ်လို့လဲ )

' ဘာမှမဖြစ်ဘူး '

Avi အရင်ကတည်းက အိပ်ဖို့မလိုသည့်အတွက် ဆက်လက်မအိပ်တော့ဘဲ သူ့ခန္တာကိုယ်ကိုသာ လင်ချီအသုံးပြု၍အဆက်မပြတ် လှည့်ပတ်နေသည်။
ပြီးနောက် သူ့ရဲ့ ကိုယ်ပိုင်နယ်မြေလေးထဲ
စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်ကို ဖြည်းဖြည်းချင်း ပို့ဆောင်ကြည့်သော်လည်း သူ့ရဲ့ကိုယ်ပိုင်နယ်မြေထဲတွင်အချိန်အနည်းငယ်သာ လင်ချီအဖြစ်တည်ရှိပြီး သတ်မှတ်ထားသည့်အချိန်ထက်ကျော်သွားလျှင် အစရှာမရအောင် ပျောက်ပျက်သွားသည်။

ပြန်လမ်းမဲ့ ရေလက်ကြားရှိ
အနှိုင်းမဲ့သလင်းကျောက်တုံးကိုသာသူ ပိုင်ဆိုင်ခွင့်မရခဲ့ပါလျှင် ဒီကမ္ဘာကို လာခဲ့ရသမျှက အချည်းနှီးဖြစ်သွားလိမ့်မည်။ သူလုပ်ခဲ့သမျှအရာတွေအကုန်လုံး အသုံးမဝင်တဲ့အရာတွေဘဲ ဖြစ်သွားလိမ့်မည်။ ဘယ်လောက်တောင်
ဆိုးဝါးလှပါလိမ့်။

Resinner : Resystem ( Complete )Where stories live. Discover now