9:16

957 176 0
                                    

Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။

------------------------

Australian Wine ဖြစ်တာကြောင့်
အဖုံးကScrew cap ဖြစ်ပြီး ဝိုင်ဖောက်တံမလိုဘဲ အလွယ်တကူ လက်ဖြင့်ဖွင့်နိုင်သည်။အသင့်ထားထားသည့် ဝိုင်ခွက်ထဲသို့ ဝိုင်ခွက်၏ လေးပုံတစ်ပုံ
ခန့်ထည့်ပြီး ခွက်ကို အနည်းလှုပ်လိုက်သည်။ဝိုင်ထည့်ထားသည့် ဝိုင်ခွက်နှုတ်ခမ်းဝနဲ့
အနီးဆုံးအထိ နှာတံကို ကပ်ကာ ဝိုင်ရနံ့ကို အပြည့်အဝ ခံစားလိုက်သည်။ ပြီးနောက် လျှာဖျားမှ တစ်ဆင့် အရသာကို ခံစားကာတစ်ငုံသောက်လိုက်သည်။ ဒီ ဝိုင်က သူအကြိုက်ဆုံး အရာတွေထဲက တစ်ခုလို့ ပြောရင်လည်းမမှားပေ။ ဒီကမ္ဘာမှာ ရှိမှရှိပါ့မလား ဟုသော သံသယစိတ်ဖြင့် ရှာကြည့်မိခဲ့သော်လည်း ကံကောင်းစွာပင် စတိုးဆိုင်မှာတောင် လွယ်လွယ်ရနိုင်သော ဝိုင်ဖြစ်နေခဲ့သည်။ ပြီးတော့ အရင်တုန်းကထက်လည်း ပိုပြီးကိုစျေးချိုသေးသည်။

သူ့ရဲ့ မျက်နှာချင်းဆိုင် ခုံနေရာတွင် ဝိုင်ခွက်အလွတ်တစ်ခွက်ရှိနေသည်ဖြစ်ပြီး ထို ခွက်ကိုသူ ယံနောင်အတွက်ထားထားခြင်းပင်။ ဖယောင်းတိုင်တွေ အလှဆင်မီးသီးတွေ မရှိနေခဲ့သလို စားပွဲခင်းအဖြူရောင်လည်း ခင်းကျင်းမထားတာကြောင် romantic ဆန်တယ်လို့တော့ ပြောလို့မရဘူးပေါ့ ။ သူကြိုက်သည့်
ဝိုင်ရဲ့အရသာကို နှစ်ယောက်အတူတူ မြည်းစမ်း
ကြည့်ဖို့အတွက် လုပ်ထားရုံသာ။ အခြားအပိုတွေ မလိုဟု သူထင်သည်။ ယံနောင်ကအိမ်မှာတွေ့ကြမည်ဟု ပြောထားသည့်အတွက် သူအိမ်မှာ အဆင့်သင့်စောင့်နေခြင်းဖြစ်သည်။ ယံနောင်နှင့်သူ နောက်ဆုံးဖုန်းပြောခဲ့တာ လွန်ခဲ့တဲ့ ငါးနာရီလောက်က ပင်။ ထို့ကြောင့် သိပ်မကြာခင်အချိန်အတွင်း ယံနောင်ပြန်လာတော့မည်ဆိုတာကို သူသေချာပေါက်သိသည်။

ခြံစည်းရိုးတံခါးကို အရှိန်ပြင်း​ပြင်း
ဆွဲဖွင့်လိုက်သည့်အသံကိုကြားသည့်အတွက် ယံနောင်ပြန်ရောက်လာမှန်း သိလိုက်သည်။ ဝိုင်တစ်ခွက် ဝင်သွားပြီဖြစ်တာကြောင့် သက်တောင့်သက်သာရှိလာပြီ​ဖြစ်သလိုavi သူ့ရဲ့မျက်နှာကြွက်သားများ ပြေလျော့ကာ ပါးပြင်ထက်၌ အရောင်ရင့်ရင့်တင်ကျန်နေမည်ဖြစ်ကြောင်း
မှန်မကြည့်ဘဲ သိလိုက်သည်။

Resinner : Resystem ( Complete )Where stories live. Discover now