8:27

2.1K 390 15
                                    

8:27
Ver_vain

Avi ရှုပ်ရှက်ခတ်နေသည့် မိစ္ဆာအုပ်တွေထဲ သူ့ကို မမြင်အောင် ရောနှောလိုက်သည်။ အခုချိန်မှာ သူထွက်ပြေးသွားရင်တောင် ဘယ်သူမှ  သတိထားမိကြမှာမဟုတ်ပေ။ ထိုနည်းတူ ခုန ကြားလိုက်ရသည့် ခရာသံက ကျင့်ကြံခြင်းလောကရဲ့ အထွဍ်အမြတ်ထားရာ နတ်တွေကို ဆော်သြမည့် ခရာဟု ခေါ်ကြသည့် ခရာသံဖြစ်ကြောင်းကို avi ရှင်းရှင်းလင်းလင်းပင်ကြားလိုက်ရသည်။ ကျင့်ကြံခြင်းလောက က အဖိုးကြီးတွေက ဒီမိစ္ဆာနယ်မြေကို အရင်ဆုံး
လာတိုက်ခိုက်တယ် ။ ဒါက လုံးဝကို အံ့သြစရာပင် ။ သူတို့က နောက်ဆက်တွဲ ဖြစ်လာမဲ့အကျိုးဆက်တွေရော တစ်ကယ်ဘဲ မှန်းဆပြီးလို့ တကယ်ရော ခံနိုင်ရည်ရှိမှာမို့လို့လား ။ အသက်တွေဘယ်လောက်ဘဲထောင်ချီရှင်သန်နေပါစေ ၊ ထိုအဖိုးကြီးတွေရဲ့သတ္တိကတော့ ထောင်ချီမရှိတာကို avi သိထားသည်။

သူနန်းတော်ကို ကျော်လွန်ပြီး မိစ္ဆာငယ်လေး
တွေနေထိုင်သည့်နယ်မြေသို့ရောက်ရှိလာခဲ့သည်။
အမှန်တော့ မိစ္ဆာငယ်လေးတွေလို့ ပြောလို့မရတော့
ပေ ။အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာနတ်ဆိုးဘုရင်ကြီး၏လက်အောက်ရှိပြည်သူတွေ သဖွယ်နေထိုင်နေကြသည့်မိစ္ဆာတွေ အကောင်းကြီးသည်ငယ်သည်မရွေး အကုန်လုံးက သူတို့ရဲ့မိစ္ဆာပုံသဏ္ဍာန်အစစ်အမှန်ကို ထုတ်ဖော်ခဲ့ပြီးသော
ကြောင့် ဖြစ်သည်။

ပုံသဏ္ဍာန်အစစ်အမှန်နှင့်အတူ
သေသေရှင်ရှင် တိုက်ပွဲဝင်ရန်အသင့်အနေအထား
ဖြင့် နေနေသောမိစ္ဆာတွေက ကျင့်ကြံသူတွေထက်ပို၍ သန်မာသည် ၊ခွန်အားကြီးသည် ဟုသော အကြောင်းအရာတွေကို အရင်က ယုံကြည်ခြင်းမရှိခဲ့သော်ငြား အခုလက်ရှိ ဒီပုံစံကိုမြင်ပြီးသည့်နောက်တွင်တော့ မယုံကြည်ဘဲ နေလို့မရတော့ပေ။ ထို ဒေါသထွက်နေသည့် မိစ္ဆာအုပ်ကြီး သတိမထားမိစေရန်အနောက် ဘက် အိမ်ကြိုအိမ်ကြားကနေ အလျင်အမြန် မိစ္ဆာဂိတ်ဝသို့ဦးတည်လိုက်သည်။

အမှန်တကယ်ကို ဒီနေရာကမှ ငရဲ ကျနေခြင်းဖြစ်သည်။မုရွယ်က ကျင့်ကြံသူတွေရဲ့ လက်ချက်ကြောင့် အပေါက်ဖောက်ထားသလို ပျက်စီးနေသည့်အကာအရံတွေအား လိုက်၍ အပေါက်ဖာနေပြီး အားရင်အားသလို ကျူးကျော်လာသည့်ကျင့်ကြံသူတွေအား ရေခဲရိုက်ပစ်သည်။ နတ်ဆိုးစစ်သူကြီး ကျောင်းတာ့နှင့် ကြောက်မက်ဖွယ်မိစ္ဆာအချို့က မိစ္ဆာဂိတ်ဝ တစ်ဖက်ကမ်းသို့ နယ်ကျွံလာသည့် ကျင့်ကြံသူငယ်လေးတွေအား အညှာအတာမရှိ ရက်စက်စွာသတ်ဖြတ်နေသည်။

Resinner : Resystem ( Complete )Where stories live. Discover now