9:15

992 182 2
                                    

Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။

------------------

9:15

" မနက် သုံးနာရီနဲ့ ငါးနာရီကြား ဦးဉာဏ်ကောင်းမြတ်အောင်ဘယ်နေရာမှာ ရှိနေသလဲဆိုတာ ပြောပြနိုင်မလား "

Avi ခေါင်းကို ညိတ်လိုက်သည်။ သေချာတာပေါ့ ၊
သူ အကြောင်းအရင်းတွေကိုသေချာမသိသေးဘဲ
ပြောပြစရာအကြောင်းမှမရှိတာ ။

" ဘာလို့ ကျွန်တော့်ကို ဒီခေါ်လာလဲ ဆိုတာ အရင်ပြောပြပေးနိုင်မလား "

အေရိပ်ငြိမ်မှ သူ့အရှေ့တွင်ချထားသော မှတ်စုစာအုပ်ကို ပိတ်လျက်

" ကောင်းပါပြီ ။ ဒေါ်ဥမ္မာအိမ်မီးလောင်မူနဲ့ ဒေါ်ဥမ္မာထိခိုက်ဒဏ်ရာရမူမှာ ဦးဉာဏ်ကောင်းမြတ်အောင် ပါဝင်ပတ်သက်နေတယ်လို့
သတင်းပေးတဲ့သူရှိလို့ပါ "

Avi စားပွဲကို လက်ဖြင့်ခေါက်လိုက်ပြီး ခန္တာကိုယ်ကို အရှေ့သို့တိုးလိုက်သည်။ စစ်မေးခန်းဟု ထင်ရသည့် အခန်းကျဥ်းလေးထဲတွင်စားပွဲခုံတစ်လုံးနှင့် လူသုံးယောက်ရှိနေခဲ့သည်။ စစ်မေးခံရသူ avi ၊ စစ်မေးသူ ဉာဏ်ကောင်းမြတ်အောင်နှင့် avi တို့ပြောသမျှကို မှတ်တမ်းတင်နေသည့် ရဲအရာရှိတစ်ဦး ။ အခန်းကျဥ်းလေးထဲတွင် အလင်းရောင်ဟူ၍ တစ်လုံးတည်းသော မီးသီးအလင်းရောင်သာ ရှိနေခဲ့သည်။ တစ်ဖက်မှ လူ ခြောက်ခြားစေရန်အလို့ငှာ အခန်းကိုအမှောင်ချထားသည်လားတော့မသိပေမဲ့ သေချာသည်ကတော့ avi ကြောက်ရွံ့မူရှိမနေ ။ သူသိသည့် အကြောင်းအရာများကို ဝေဖန်ပိုင်းခြားမူပြုနေရုံသာ။

" သတင်းပေးက ဘယ်သူလဲ သိလား "

အေရိပ်ငြိမ်မှ မလျော့မတင်းမျက်နှာဖြင့်

" အမည်မသိသတင်းပေးတစ်ယောက်ပါ "

" အမည်မသိ သတင်းပေးတဲ့လား ။ ဟုတ်ပါပြီ ဒါဆို အဲ့ဒီ့သတင်းပေးကို မေးကြည့်ပါဦး ။ ညီလင်းဆိုတဲ့သူရော တိုင်ကြားထားခံရတဲ့စာရင်းထဲ ဘာလို့မပါရတာလဲ "

Resinner : Resystem ( Complete )Where stories live. Discover now