7:6

3K 508 0
                                    

Arc 7:6

"Adam နင်အခုဘယ်သွားမလို့လဲ "

မနက်အစောကြီး သူမကိုဖုန်းဆက်နှိုးကာ အပြင်ထွက်ဖို့ပြောသည့် Adam ကသာမန်ကိစ္စလောက်နှင့် အပြင်ထွက်ဖို့ သူမကိုတကူးတကခေါ်မှာမဟုတ်။ပြီးတော့ တစ်ခုခုကို အတည်ပြုစရာ ရှိသလိုမျိုး အဆောတလျင်လုပ်နေသည့် Adam က ခေါင်းတောင်သေချာဖြီးခဲ့သည့်ပုံမပေါ်။

" စာကြည့်တိုက် "

" ဘယ်စာကြည့်တိုက်လဲ ၊ ကျောင်းစာကြည့်တိုက်လား ၊ငါတို့မြို့စာကြည့်တိုက်လား "

" မြို့စာကြည့်တိုက် "

' မြို့စာကြည့်တိုက်? ' က Adam အမေအလုပ်လုပ်တဲ့နေရာလေ ။ သူ့အမေနဲ့တွေ့ချင်လို့များလား ။ ဒါလည်းမဟုတ်သေးဘူး တွေ့ချင်ရင်အိမ်မှာတွေ့မှာပေါ့ ဘယ်လိုလုပ် သူ့အမေအလုပ်လုပ်တဲ့နေရာအထိ သွားတွေ့ရမှာလဲ ။

" Cathy နင်သေချာနားထောင် "

သူမနာမည်ကို ရုတ်တရက်ခေါ်လိုက်တာကြောင့် လန့်သွားပေမဲ့ ပြန်ထိန်းလိုက်ကာ Adam ပြောမည့်စကားကို စောင့်နေလိုက်သည်။

"နင်ပြောခဲ့တယ်လေ ပြသာနာစတဲ့နေရာမှာ
ပြသာနာအဆုံးသတ်ရမယ်လို့ ၊ ငါတို့ရဲ့ကံဆိုးမူတွေကိုစတွေ့တဲ့နေရာက အဲ့ဒီစာကြည့်တိုက်ထဲမှာပဲ "

" နင်ပြောချင်တာက "

" ဟုတ်တယ် ငါတို့ရဲ့ ပြသာနာကိုအဆုံးသတ်ချင်ရင်စတင်တဲ့နေရာမှာ
အရင်ဆုံးရှာရမယ် "

Adam ပြောတဲ့စကားကို နားမလည်ပေမဲ့ ရှင်းရှင်းလင်းလင်းသိလိုက်တာကြောင့် Cathy ငြိမ်ငြိမ်လေးနေကာ Adam မောင်းသည့်ကားနောက်လိုက်ခဲ့လိုက်သည်။ သူမ အဲ့လိုစကားမျိုးပြောခဲ့ဖူးလားဆိုတာ မသေချာပေမဲ့ Adam ကိုယုံကြည်ရမည်။ ဒါပေမဲ့ မြို့စာကြည့်တိုက် နဲ့နီးလေ သူမရဲ့နှလုံးခုန်သံတွေမြန်လာလေဖြစ်ပြီး ခြေဖျားလက်ဖျားတွေပါအေးစက်နေသည်။ ဘယ်လိုဖြစ်လို့များသူမ ဒီလောက်ထိအသုံးမကျရတာပါလဲ ၊ဘာလို့အမြဲတမ်း အခြားသူကာကွယ်တာခံနေရတဲ့ သနားစရာ မိန်းကလေး ဖြစ်နေရတာလဲ ။သဘာဝရဲ့လက်ဆောင်ဆိုပြီး အဖွားပြောနေကျအရာတစ်ခု သူမဆီမှာ ပါလာခဲ့တာတောင်သူမက ဘာလို့အမြဲတမ်း
'ကံဆိုးမူ'ဆိုပြီး ရှောင်ပြေးနေခဲ့တာပါလဲ ။

Resinner : Resystem ( Complete )Where stories live. Discover now