8:7

2.1K 371 6
                                    

Arc 8:7

" အခန်းရှိသေးလား "

မြို့ရဲ့ချောင်နားမှာရှိပြီး အခြားတည်းခိုဆောင်တွေနဲ့ယှဥ်ရင် စုတ်ပဲ့ပဲ့ဖြစ်နေသည့် နေရာကို သူဝင်မေးလိုက်သည်။ တစ်မြို့လုံးက တည်းခိုဆောင်တွေအကုန် ကျိန်စာသင့်ခံထားသလားမှတ်ရအောင် အခန်းတွေအကုန်ပြည့်နေတာဖြစ်သည်။
တစ်နေ့လုံးနီးပါး တည်းခိုဆောင်တွေမှာ
' အခန်းရှိသေးလား ' ဆိုပြီး လိုက်မေးနေရတာ လွယ်သည်တော့မဟုတ်ချေ။

" ရှိပါသေးတယ် ကျင့်ကြံသူတို့ "

" တစ်ယောက်ခန်းတစ်ခန်းပေး "

"ဘာလို့နှစ်ခန်းမယူတာလဲ "

" ပိုက်ဆံက မင်းပေးမှာမို့လို့လား
ရှောင်းယန် "

ရှင်းဆိုတဲ့လူ ပြောတဲ့စကားကမှန်နေတဲ့အတွက်ကြောင့်ပါးစပ်ကိုပိတ်ပြီး တည်းခိုဆောင်ပိုင်ရှင်လိုက်ပြတဲ့နောက်ကို အခန်းလိုက်ကြည့်လိုက်သည်။ ရှင်းဆိုသည့်လူကတော့ သူနဲ့မဆိုင်သလို ဝေးဝေးမှာ ရပ်ကျန်နေခဲ့တာကြောင့် တည်းခိုခန်းပိုင်ရှင်ပြောသည့်ရေချိုးသည့်နေရာ ၊ မီးဖိုချောင်စသည့် နေရာတွေကို ကိုယ့်ဘာသာ မှတ်သားလိုက်ရသည်။

အခန်းထဲသို့ဝင်ဝင်ချင်း သူတည်းရမည့် အခန်းရဲ့အနံ့အသက် သိပ်မကောင်းသည့်အတွက်အခန်းရဲ့လေထုကိုသန့်စင်အောင်ပြုလုပ်လိုက်သည်။

" ဘယ်လိုလဲ နေရတာ အဆင်ပြေရဲ့လား "

" ဘာကိုလဲ "

" နေလို့မကောင်းတာက မင်းလေ ၊ မင်းနားရမဲ့အခန်း ဒါအဆင်ပြေတယ်မလား "

" အဆင်ပြေပါတယ် ၊ သခင်ရဲ့ ကြည့်ရှူစောင်မမူကို ဒီအစေခံတစ်သက်မမေ့ပါဘူး "

ကျုပ်ကိုစော်ကားခဲ့တာကို ဒီတစ်သက်မေ့ပေးစရာလား ။ အနောက်က စကားကိုသူအပြင်ကိုထုတ်မပြောဖြစ်ပေမဲ့ သူရဲ့ဂိုဏ်းက လူတွေလာရင် ဒီ ရှင်းဆိုတဲ့သူကိုမှတ်​လောက်အောင် ဆုံးမရမယ်။

" ငါရေချိုး ဖို့ရေသွားခပ်လိုက် ၊ ရေအေးလေးနော် "

သူပြန်ပြောသည်ကိုတောင်မစောင့်ဘဲ ကုတင်ပေါ်တွင်လှဲလိုက်တာကြောင့် လုရှောင်းယန် အောက်ထပ်ကို ဆင်းပြီး ရေသွားခပ်ပေးလိုက်သည်။

Resinner : Resystem ( Complete )Where stories live. Discover now