9:3

1.7K 294 11
                                    

9:3

သုံးရက်ကြာပြီးနောက်မှာတော့
Avi ညီလင်းကို ပထမဆုံးအကြိမ် လူကိုယ်တိုင်မြင်ခဲ့ရသည်။နီရဲနေသော မျက်လုံးတစ်စုံနှင့် ညိုမည်းနေသော မျက်တွင်းများ က sinner ကောင် သရုပ်ဆောင်ကောင်း ခဲ့​ခြင်းကြောင့်ရသည့်အမှတ်အသားလည်းဖြစ်သည်။ အိမ်တစ်အိမ်လုံး ပြန်ဆယ်လို့မရအောင်မီးလောင်သွားတာကြောင့် အလောင်းကိုတောင် ပြန်မတွေ့နိုင်တော့ ။ ထို့ကြောင့် နောက်ပိုင်းကိစ္စတွေ ညီလင်းဘယ်လိုစီရင်မလဲမသိပေမဲ့ သုံးရက်ဘဲ ကြာတယ်ဆိုတော့ သိပ်တော့များများစားစားလုပ်လိုက်ရပုံမပေါ် ။

ဘုန်းမြတ်ကတော့ အစအနတောင်ရှာမတွေ့တော့ ။ဒါလည်း တစ်မျိုးကောင်းတာပါဘဲ ။ တိတ်ဆိတ်စွာနှင့် ပုံမှန်အတိုင်း သင်တန်းက ပြီးဆုံးသွားခဲ့ပြီး ရှေ့တစ်ရက်က ညီလင်းမမှီလိုက်သည့် သင်ခန်းစာကို avi နောက်တစ်ကြိမ် ထပ်သင်ပေးလိုက်သည်။ ညီလင်းမှ သူသင်ကြားပေးသည့်အကြောင်းကို အာရုံမရှိတာကိုမြင်ပေမဲ့ သူ့ ဘက်က ဝတ္တရားကျေစေဖို့အတွက် avi သင်ပေးလိုက်၏။ ဒီသင်တန်းကိုစိတ်ပါဝင်စားစွာတတ်ဖို့ ညီလင်းအတွက်မလိုအပ်သလို avi အတွက်လည်းမလိုပေ။ သို့သော် ဟန်ဆောင်ထားမူများ ပေါ်မလာစေဖို့အတွက် အကာအကွယ်တစ်ခုအနေအဖြင့်တော့ သင့်တော်သည်။

တစ်ခါတစ်ခါ ညီလင်းမှavi ကိုအကဲဖြတ်သည့်အကြည့်ဖြင့် ကြည့်လာခဲ့ပေမဲ့ avi မသိသလိုသာနေလိုက်သည်။ အခုအချိန်မှာ ညီလင်းဆိုသည့်လူအတွက် ပတ်ဝန်းကျင်က ရှိသမျှလူတိုင်းလိုလို သံသယဝင်စရာဖြစ်နေလိမ့်မည်။ သို့တည်းမဟုတ်
အရင်ညီလင်းကို သတ်ခဲ့သည့်သူက ဉာဏ်ကောင်းမြတ်အောင်ဖြစ်သည့်အကြောင်းကို system မှတစ်ဆင့်လည်း သိထားနိုင်မည်။ သို့သော်ငြား ဉာဏ်ကောင်းမြတ်အောင်ရဲ့ ခန္တာကိုယ်ထဲမှာရှိနေ
သည့် ဝိညာဥ်က resinner တစ်ယောက်ဆိုသည့်အကြောင်းကိုတော့ သိနိုင်လိမ့်မည်ဟု မထင်ပါ ။

" ကိုဉာဏ် ကျွန်တော့်ကို ဘယ်လိုသဘောထားလဲ "

သင်ထောက်ကူပစ္စည်းတွေကို သိမ်းဆည်းနေသည့် avi ကို ရုတ်တရက်ဆန်သည့် မေးလာခဲ့သေယ
ညီလင်းအား မကြည့်ဘဲ

Resinner : Resystem ( Complete )Onde histórias criam vida. Descubra agora