10:16

795 156 2
                                    

Arc 10:16

" မင်းဘာလို့ ထွက်ပြေးတာလဲ "

" Lord Zole ပဲ 'မင်းမရှိမှ အေးမယ် 'ဆို... "

" မင်းမရှိရင် အေးမယ်ဆိုတာ မှန်ပေမဲ့ မင်းပြေးချင်တိုင်းပြေးလို့မရဘူး ၊ မင်းဆီမှာ အမြဲရှိပြီးကပ်တွယ်နေတဲ့ မကောင်းတဲ့စိတ်က အခြားသူတွေကို ထိခိုက်စေလိမ့်မယ် "

" အဲဒီ့တော့ ငါက မင်းဆီမှာပဲ နေသင့်တယ်ပေါ့ "

နှုတ်ဆိတ်နေပေမဲ့ ထိုအချက်ကို လက်ခံသည့်အကြောင်း Zole ၏ မျက်နှာတွင် ထင်ဟပ်နေသည်။

" ငါနောက်တစ်ကြိမ်ထပ်မေးမယ် မင်းငါ့ကိုဘာလုပ်ထားလဲ "

" ဘာမှမလုပ်ပါဘူး Zole ၊ Lynx က ဖြူစင်ရိုးသားသူပါ ဟားဟား...ဟားဟား..."

Avi သည် ပြောပြီးနောက် မျက်ရည်ကျသည့်အထိ ဟက်ဟက်ပက်ပက်ရယ်နေပေမဲ့ Zole သည် မကျေနပ်သောအကြည့်များဖြင့် Avi ကို ကြည့်နေသည်။ ပြီးနောက် ထွက်သွားသည်။ Avi သည် ရယ်နေလျက်နဲ့ ကျန်နေခဲ့သည်။ Zole ထွက်သွား
သည့်အချိန်တွင် Avi ရုတ်ခြည်း ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်တိတ်ဆိတ်သွားသည်။

( Host ဘာဆက်လုပ်မှာလဲ )

' Zole က Zero ရဲ့မှတ်ဉာဏ်တွေရသွားပြီးနောက်ပိုင်း ငါ့ကိုသူ့အနားမှာပဲ ထားတော့တယ် '

( ဒါကို သိတယ် ၊ အကုန်လုံးက လက်လွန်ကုန်ပြီလေ၊ ဘာလုပ်ဖို့ စဥ်းစားနေတာလဲ )

One သိချင်နေသည့်အဖြေကို မပေးသေး ၊Avi အချိန်ဆွဲကာစောင့်နေသည်။

' အရင်က Lynx ဆိုရင် Zole ခန္တာကိုယ်ထဲက မင်းရတုပိုင်ရဲ့ ဝိညာဥ်အစိတ်အပိုင်းကို ယူဖို့တောင်မပြောနဲ့ အနားတောင်အကပ်ခံမှာမဟုတ်ဘူး ။သူနဲ့ငါ့ကြားမှာလည်း အလင်းအမှောင် ကွာခြားချက်တွေရှိနေတယ်။ငါဖြတ်လမ်းနည်းသုံးခဲ့တာ ဒါကြောင့် ။ ငါ့အတွက် အချိန်လည်း သိပ်မရှိတော့ဘူး ၊ ဆိုလိုတာက သူနဲ့ငါ့ကြားအကွာအဝေးကို ငါတမင်နီးကပ်အောင် ချုံ့လိုက်တာပေါ့  '

' Zole ငါ့ကို သူ့အနားမှာ ထားနေတယ်ဆိုတာ
သူ့ရဲ့သိချင်စိတ်ကို ဖြေရှင်းဖို့သက်သက်ပဲ '

'ငါကလည်း အဲ့ဒီအကြောင်းကိုတွက်မိလို့သူ့
အနားရောက်လာအောင် လုပ်ခဲ့တာ'

Resinner : Resystem ( Complete )Where stories live. Discover now