5:14

5.9K 638 14
                                    


" ငါကဘယ်လိုထွက်ရမှာလဲ မင်းသိတဲ့အတိုင်းပဲ ဒီကျောင်းက အပြင်ကိုထွက်ခွင့်ပိတ်ထားတယ်လေ "

" စိတ်မပူပါနဲ့ ကိုယ်ရှိတယ်လေ "

Gilar ကြမ်းပြင်မှာထိုင်ပြီး အစီအရင်အင်းတစ်ခုကို ဆွဲလိုက်သည်ကိုကြည့်နေသည်။
တော်တော်လေးကို ရှုပ်နေသည့်အပြင် ပထမဆုံးမြင်တာနဲ့ မှတ်မိဖို့ဆိုတာမလွယ် ၊
မြောက်ဘက်ကနေ တစ်ဆင့်အရှေ့ဘက်ကိုပြန်သွားပြီးဆွဲလိုက်ဖြင့် အစီအရင်ထဲမှာလည်း သူမသိသည့်ရောမ စာလုံးအချို့လည်းပါနေသည်။

"ပြီးသွားပြီ "

" ဒါဘာကြီးလဲ "

"နေရာရွေ့ပြောင်းပေးတဲ့ မှော်အစီအရင်လေ ကိုယ်သွားချင်တဲ့ နေရာကို ဆွဲတဲ့သူက spell တစ်ချို့ရွတ်ပြီး အာရုံပြုလိုက်ရုံနဲ့ရောက်တယ်။ "

Gilar က သူဆွဲထားတဲ့ အစီအရင် အလိုအပိုမရှိစစ်ဆေးနေသည့်အပြင် Avi မေးတာကိုလည်း ဂရုတစိုက်ပြန်ဖြေပေးနေသည်။

" မင်းက Magician လား "

ဒါက Avi အရင်ကတည်းက သိချင်နေတဲ့ မေးခွန်းဖြစ်သည်။

" ကိုယ့်ကိုအထင်မကြီးပါနဲ့ ၊ဒါက မိသားစုရိုးရာနည်းလေးပါ ။သိပ်ပြီးအရေးမကြီးပါဘူး ပြီးတော့ နှင်းဆီ ဖြူတွေကို ကိုယ်ဒီလိုနည်းနဲ့ မင်းဆီကိုယ်တိုင်လာပို့ပေးတာလေ "

Gilar အစီအရင်ကို လျစ်လျူရှူလိုက်​​ပြီး Avi ဆီကို ရောက်လာကာ လက်ကမ်းပေးလိုက်သည်။

" ကိုယ်နဲ့အတူတူ လိုက်မှာလား "

" အလောင်းသွားကြည့်မှာကို ကြီးကြီးကျယ်ကျယ် လုပ်မနေပါနဲ့ "

Gilar , Avi ကို အစီအရင်ထဲမှာ ရပ်ခိုင်းလိုက်ပြီး Spell တစ်ချို့ကိုရွတ်လိုက်သည်။ ထိုSpell ထဲမှာ Latin စကားအချို့ပါနေသလို သူနားမလည်နိုင်သေးတဲ့ Spell တစ်ချို့လည်း ရောပါနေသည်။

Gilar ရွတ်ပြီးချိန် သူရပ်နေတဲ့ အစီအရင်အင်းကြီးက အပြာရောင်အလင်းတန်းများ လင်းလာပြီးခဏအတွင်း မျက်စိရှေ့က မြင်ကွင်း ပြောင်းလဲသွားသည်။

What the ***k?? ဒါလား မိသားစုနည်းလေးဆိုတာ ၊ဒီလိုမျိုး ရှေးဟောင်းနည်းကို သူက မိသားစုနည်း တဲ့လား ။ ဒီလိုနည်းနဲ့ ငါဆီကို နှင်းဆီဖြူတွေလာပို့ပေးတာလား ။

Resinner : Resystem ( Complete )Where stories live. Discover now