10:7

799 153 0
                                    

Arc 10:7

ပုံမှန်နေ့ရက်တွေအတိုင်း Avi ကုတင်ထက်မှာ လဲနေရင်းဖြင့် ဖြတ်ကျော်ခဲ့ရသည်။မွန်းကြပ်သည် ဆိုသော်ငြား အနည်းငယ်မျှသာလှုပ်နိုင်ရှားနိုင်ပဲရှိသေးသော သူ့အတွက် မွန်းကြပ်စွာနေရုံမှလွှဲပြီး ဘာမှမရှိပေ။ Avi မျက်လုံးကိုပိတ်ထားရင်း အပြင်ဘက်မှအခြေအနေများကို နားစွင့်နေ၏ ။ Ruu သည်မနက်စာစားပြီးသည်နှင့် Era ကိုနှုတ်ဆက်ကာ သိုးကျောင်းထွက်သွားသည်။

Era သည်လည်း သူ့အတွက် မနက်စာကို လာပို့ပေးပြီး မသက်သာသေးသောဒဏ်ရာများကို ဆေးထည့်ပေးနေခဲ့သည်။ အမှန်တော့ ဒီဒဏ်ရာတွေက ပျောက်ကင်းသင့်ပြီဆိုသော်ငြား အခုထိမပျောက်ကင်းဘဲ ပင်ကိုအတိုင်း ဒဏ်ချက်ဖြစ်နေဆဲပင်။ Era သည် သူ၏ဒဏ်ရာကို ဆေးထည့်ပေးတိုင်း သက်ပြင်းချရ၏ ။ဒဏ်ရာကိုပျောက်ကင်းအောင်မလုပ်ပေးနိုင်သည့် သူမကိုယ်သူမလည်း မကြာခဏ အပြစ်တင်တတ်သေးသည်။

Avi အတွက်တော့ ဒဏ်ရာ သက်သာမလာတာ အကြောင်းမရှိပေမဲ့ Geran မြို့ရဲ့တစ်ဦးတည်းသော သမားတော်ဖြစ်သည့် Era အတွက်တော့ ဒီကိစ္စက ကြီးကြီးမားမား သက်ရောက်မူရှိသည်။

Era သည် မနက်တိုင်း သူမ လုပ်စရာရှိတာလုပ်ပြီးတိုင်း အိမ်ပြင်သို့ ထွက်ထွက်သွားတတ်သည်။ ဒါကိုလည်း Avi သိထားပြီးပင်။ ရေဆာလာသည့်အတွက် Avi ဘေးတွင်ရှိသော အပေါ်ဝတ်အင်္ကျီတစ်ခုကို လွှားကာ သူ့ကိုဆေးကုရန်ထားသည့် အခန်းထဲကနေ ထွက်လာခဲ့သည်။ အိမ်လေးက သိပ်မကြီး ၊ သားအမိနှစ်ယောက် လွတ်လပ်စွာနေလို့ရရုံလောက်ပင်။ မီးဖိုချောင်ရှိသည်၊ အိပ်ခန်းနှစ်ခန်းရှိသည်။ ဧည့်ခန်းနဲ့ လူနာတွေ့ခန်းက တစ်ခန်းတည်းဖြစ်ပြီး အခုလက်ရှိအဲ့ဒီ့အခန်းတွင် Avi နေနေရ၏ ။သူ့ရဲ့တကယ့်ရည်ရွယ်ချက်က ရေသောက်ဖို့ရန်သာ ဖြစ်သော်လည်း ဒီကနေ့မှ ဒီအိမ်၏ အခြားထူးခြားချက်များကို ပူးတွဲသတိပြုလိုက်မိသည်။ အရင်ရက်တွေက သူပဲ မျက်စိလျှမ်းခဲ့တာ ဖြစ်လိမ့်မည်။

Era ရဲ့အိမ်ရှိပစ္စည်းများသည် အရှေ့နဲ့အနောက်ပြောင်းပြန်ဖြစ်နေသည်။ ခုံတွင်ခင်းထားသောစားပွဲခင်းကအစ ဇောက်ထိုးဖြစ်နေပေမဲ့ အခြားပစ္စည်းပစ္စယများတင်ထားမူကြောင့် ထိုအရာကို တော်ရုံသတိမထားမိနိုင်ပေ။ ကြည့်မှန်သည် ဝင်ပေါက်၏ မျက်နှာချင်းဆိုင်တွင်ရှိနေပြီး အိမ်သို့ဝင်သမျှလူများ၏ ပုံရိပ်များအား တစ်ဆင့်မြင်နေရသည်။

Resinner : Resystem ( Complete )Where stories live. Discover now