6:3

5.6K 854 36
                                    


လွင်ပြင် သူ့ရဲ့ လက်တစ်ဖက်က သွေးလှည့်ပတ်မူမရှိတော့သည့်အထိ တစ်စုံတစ်ခုနဲ့
အဖိခံထားရကြောင့်ရုန်းကြည့်ပါသော်လည်း ရုန်း၍မရ ။ မျက်လုံး အခန်းတစ်ခန်းထဲ ​​ရောက်နေကြောင်းသိလိုက်ပြီး ထို အခန်းတစ်ခုလုံးက လိုက်ကာ တွေ ချထားတဲ့အပြင် မှောင်မဲနေသဖြင့် နေ့လား ညလား ခွဲ ခြားလို့လည်း မရ ။

" 02 ငါအခု ဘယ်ကို ရောက်နေတာလဲ "

" Code 01 အခု ရောက်ရှိ နေတဲ့ တည်နေရာကို စစ်ဆေးနေပါသည်။ Code 01 အခု ရောက်ရှိနေတဲ့အိမ်က Sinner တစ်ဖြစ်လည်း မင်းရတုပိုင်ရဲ့ အိမ်ထဲမှာပါ "

ငါက အခုချိန်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေရမှာလေ ။ ဘာလို့ မင်းရတုပိုင်ဆိုတဲ့ အကောင်က ဒီကို ခေါ် ထားရတာလဲ ။

" ငါလွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲ"

" Code 01 ရဲ့ Mission အရ
သင့်တော်သလိုသာ လုပ်ဆောင်သွားပါရန် ။
Resystem မှ ဒီလို အရာမျိုးတွေကူညီပေးရန်အတွက် ခွင့်ပြု မပေးထားပါ "

Shit...အခု ငါက ဘာဆက်လုပ်ရမှာလဲ ။
မင်းရတုပိုင်ဆိုတဲ့ လဒကငါ့ကို ဖမ်းထားတယ် ။အခုလိုပုံစံမျိုးနဲ့ဆို သေဖို့ မပြောနဲ့ ၊ လှုပ်ရှားလို့တောင်မရ အကြောတွေက ဆိုင်းပြီးထုံကျင်နေသည်။

" ကိုကို နိုးပြီလား "

သူ့ဘေးကနေ ခပ်အက်အက်အသံတဟ်ခုကြားလိုက်ရတာကြောင့် အဖိခံထားရသည့်လက်ကို ပြန်ရုန်းလိုက်သည်။မထူးခြား ။
သူ့ရဲ့လက်တစ်ဖက်က မင်းရတုပိုင်ရဲ့ရင်ခွငိထဲကိုရောက်နေခဲ့သည်လေ။

" မင်းရတုပိုင် မင်း ငါ့ကို အခု လွှတ်ပေး "

" ကိုကိုက ကျွန်တော် ဖမ်းသွားမှန်းဘယ်လို သိသွားတာလဲ ပြီးတော့ ကျွန်တော့်ရဲ့ နာမည်ကိုရော ကိုကို ဘယ်လိုသိတာလဲ ။
ကိုကို ကျွန်တော့်ကို ပြန်မှတ်မိပြီလား ။"

" ဘာတွေလာပြောနေတာလဲ မင်းရတုပိုင်။
မင်းငါ့ကို အခုလွှတ်ပေး မင်းအခုလိုငါ့ကိုဖမ်းထားတော့ မင်းအတွက် ဘာ အကျိုးများရှိလို့လဲ "

အကြောတွေက လှုပ်မရအောင်
ဆိုင်းနေပေမဲ့ ပါးစပ်တစ်ပေါက်က လွတ်လွတ်လပ်လပ် ပြောချင်တိုင်း ပြောလို့ရနေတာကတော့ တော်သေးသည်။

Resinner : Resystem ( Complete )Where stories live. Discover now