8:10

2K 407 0
                                    

Arc 8:10

" ငါထင်တာတော့ မင်းအနားယူဖို့လိုမယ်
ထင်တယ် "

အခုသူတို့အရှေ့ဘက်ကို မနားဘဲ တောက်လျှောက်ဆက်သွားနေတာ တစ်ရက်ရှိပြီဖြစ်သလို ချီစွမ်းအင်ကိုဆက်တိုက်အသုံးပြုလာခဲ့ရတဲ့ လုရှောင်းယန်လည်း ပင်ပန်းနေပြီဖြစ်သည်။

သူပြောသည့် အကြံပြုချက်ကို လုရှောင်းယန်လက်ခံလိုက်ပြီး ရေကန်နဲ့နီးသည့်တစ်နေရာတွင်ဓားပျံကို ဆင်းသက်လိုက်သည်။
ပြီးနောက် သူတို့နားဖို့နေရာကို လုရှောင်းယန်က နေရာရှာပြီး နေသင့်မနေသင့်ကို Avi က ဆုံးဖြတ်ပေးရသည်။

သူတို့နားမည့်နေရာကိုရှာပြီးသည်နှင့် ပတ်ဝန်းကျင်ကို သန့်စင်လိုက်ပြီးအခြားသားရဲတွေ မကပ်လာနိုင်အောင်အစီအမံတွေ ချထားလိုက်သည်။

' One ဇာတ်ကြောင်းအတိုင်းဆို နောက်ထပ်နှစ်နှစ်လောက်မှ အရာအားလုံး စတင်မှာမလား '

( ဟုတ်တယ် )

' ငါ့အတွက်ရော အချိန်ရှိရဲ့လား '

( ဒါက Host အပေါ်မှာမူတည်တယ်လေ )

' ဟုတ်တာပေါ့ ငါ့အပေါ်မှာ
အရာအားလုံးမူတည်နေတာ '

အပေါ်ပိုင်းအင်္ကျီဗလာရေစိုနေသည့် ခန္တာကိုယ်နှင့် သူ့ဆီကို လုရှောင်းယန် လျှောက်လာသည်။ လုရှောင်းယန်ရဲ့လက်ထဲတွင်တော့ ရေကန်ထဲက ငါးအချို့ပါလာပြီး ထိုငါးတွေကို Avi အရှေ့မှာ ချထားသည်။

' 19 နှစ်အရွယ် လုရှောင်းယန်က အရမ်းမိုက်လွန်းတယ် '

လုရှောင်းယန်ရဲ့ တောင့်တင်းခိုင်မာလှသည့် ခန္တာကိုယ်ကို ကြည့်ရင်း Host ပြောလိုက်သည်ဆိုတာကို သူမကြည့်ဘဲနှင့်တောင်သိလိုက်သည်။ကျေးဇူးပြုပြီး ဇာတ်လိုက်က အခုထိ အသက်ငယ်သေးတယ်ဆိုတာကို သတိရပေးပါဦး ။

( Host ဇာတ်လိုက်အသက်က)

' ငါသိပါတယ် ဒါပေမဲ့ ၁၉ ဆိုတဲ့အသက်အရွယ်က အရမ်းငယ်နေတာတော့မဟုတ်ဘူးလေ '

ဒါပေမဲ့ကျန်းရီမော့ရဲ့ သက်တမ်းနဲ့နှိုင်းယှဥ်လိုက်ရင်တော့ လုရှောင်းယန်က အရမ်းငယ်နေသေးတယ်လေ ။

Resinner : Resystem ( Complete )Where stories live. Discover now