7:5

3.2K 520 0
                                    

Arc 7:5

Willy ရဲ့ခန္တာကိုယ်ထဲ ကပ်ပါးကောင်ရောက်နေတဲ့အကြောင်းကို Cath ကိုပြောဖို့အချိန်မတန်သေးဟုသူထင်သည်။ Cath က စိတ်မတည်ငြိမ်တဲ့သူဖြစ်တဲ့အလျောက် မသိသင့်တဲ့အရာတွေကို ကြိုပြီး အသိပေးထားလိုက်လျှင်မလိုအပ်တဲ့ဆိုးကျိုးတွေ ပေါ်လာနိုင်သည်။ ပြီးတော့ Cath အကုန်လုံးသိသွားမယ်ဆိုရင်တောင် သူမမှာ ကပ်ပါးကောင်ကိုမောင်းထုတ်ရန်အတွက် နည်းလမ်းရှိမှာမဟုတ်တဲ့အပြင် Avi အတွက်အရှုပ်ထုပ်တစ်ခု​တောင်ဖြစ်သွားနိုင်သေးသည်။
အခုအခြေအနေက အရင်ဆုံး Willy ကိုယ်ထဲကကောင်ကိုမောင်းထုတ်နိုင်မဲ့နည်းကို အရင်ရှာတွေ့အောင်လုပ်ရမည်။

ကျောင်းသွားရန်အတွက် အသင့်ပြင်ပြီးတာနဲ့ မနက်စာစားဖို့ အောက်ထပ်ဆင်းလာပေမဲ့ မနက်စာကိုသာတွေ့ပြီး ထိုမနက်စာပြင်ဆင်ပေးသည့် Adam ရဲ့အမေကို​​တော့မတွေ့ ၊ အခုတလော Adam ရဲ့အမေ အလုပ်အရမ်းရှုပ်နေသည့်ပုံရသည်။ စကားသေချာမပြောဖြစ်တာ ရက်ဘယ်လောက်တောင် ကြာသွားပြီလဲ ဆိုတာတောင်သေချာမသိတော့။ တစ်ရက်လောက်အချိန်ယူပြီး Adam ရဲ့အမေကို စကားမရရအောင်ပြောကာ ကူညီနိုင်တာရှိရင်ကူညီပေးရမည်။ ဒါက Adam ရဲ့ကိုယ်စား Adam ရဲ့အမေကိုစောင့်ရှောက်ပေးခြင်းသာ ဖြစ်သည်။

Avi ကျောင်းသွားဖို့အပြင်ထွက်လာလာခြင်းပထမဆုံးတွေ့သည်က အပြာရောင်အမိုးဖွင့်ကားလေးဖြစ်ပြီး ထိုကားရဲ့ပိုင်ရှင်က Cath ။ Cath နဲ့ Adam ရဲ့အိမ်ကဘေးချင်းကပ် ဆိုပေမဲ့ ကျောင်းအတူတူသွားရမဲ့ရင်းနှီးမူမျိုး
မရှိခဲ့တာသေချာသည်။Avi ထိုကားဆီကို ဦးတည်လိုက်ပြီး အခုထိသူ့ကိုမမြင်သေးသည့် နေကာမျက်မှန်နဲ့ Cath ဆီကိုဦးတည်လျှောက် လိုက်၏။

" Cath နင်ဘာလုပ်နေတာလဲ "

" အာ ... Adam ဘာမှမလုပ်ပါဘူး ။ ငါတို့ကျောင်းအတူတူသွားရအောင် ၊ ငါတိုင်ပင်စရာလေးလည်းရှိလို့ "

သူရောက်လာတာကြောင့် နေကာမျက်မှန်ချွတ်လိုက်သည့် Cath ရဲ့မျက်နှာကို သေချာကြည့်မိသည့်အခါ Avi က စိတ်မကောင်းစွာ စုတ်သပ်လိုက်မိသည်။ Cath ရဲ့မျက်လုံးအောက်မှာ ညိုနေသည့် အကွင်းနှစ်ခုက Cath ညဘက်တွေ အိပ်လို့မရသည့်အကြောင်းကို သက်သေပြနေသည်။ Avi ကားတံခါးကိုမဖွင့်တော့ဘဲ တံခါးအပေါ်ကနေ ခွကျော်လိုက်ကာ အထဲမှာဝင်ထိုင်လိုက်သည်။Cath ကားစမောင်းလိုက်တာနှင့် Avi ကပင် စကားစလိုက်သည်။

Resinner : Resystem ( Complete )Where stories live. Discover now