5:8

6.1K 952 47
                                    

အရှေ့အပိုင်းတွေမှာ ပြောထားတဲ့ mother earth သီချင်းက အပြင်မှာတကယ်ရှိပါတယ်
Within Temptation ဆိုထားတာပါ
စိတ်တန်ခိုးနဲ့မှော်စွမ်းအား တိုးတတ်စေတယ်လို့တော့ပြောကြတာပဲ။
တကယ်ဟုတ်မဟုတ်ဆိုတာကတော့ ကိုယ့်ဟာကိုယ် နားထောင်ကြည့်လိုက်ပါ။

=========

" ကျောင်းအုပ်လူးဝစ်က Black Sheep တွေကို နှစ်ယောက်တစ်တွဲ ဝင်ခွင့်ပေးတယ်ဆိုတော့ မင်းနဲ့ငါနဲ့က တစ်တွဲနော် "

" အေးပါ မင်းနဲ့မတွဲလို့ ငါက ဘယ်ကောင်ကို အဖေခေါ်ပြီး သွားတွဲရမှာလဲ "

" အင့်... ဆောရီးပါနော် "

သူတို့ နှစ်ယောက် ကော်ရစ်တာအချိုးမှာ ကောင်မလေးတစ်ယောက်နှင့် ဝင်တိုက်မိသည်။သူ့ကိုတိုက်တာတော့မဟုတ်၊ သူ့ကို ကျော်ကာ ဘေးနားမှာ ရပ်နေတဲ့ Gilar ကိုဝင်တိုက်ခြင်း ။

" ရပါတယ် "

Gilar ကိုကြည့်လိုက်တော့ သူ့ကိုတိုက်သွားတဲ့ကောင်မလေးကို ငုံ့တောင်မကြည့် ။ ဒါကြာင့်သူကပဲ အပင်ပန်းခံလိုက်ကာ ကြည့်ပေးလိုက်သည်။

အိုကေ...အက်စတာခေါ် Sinner မင်း
ဘာကိစ္စနဲ့ Gilar ကိုဝင်တိုက်ရတာလဲ ။
ဘာလို့ လော့ရမ်ကို ငါလုပ်ခဲ့တဲ့ အကွက်တွေနဲ ဆင်တူနေတယ်လို့ ငါထင်မိသွားတာလဲ။
မင်းရဲ့ဇာတ်လိုက်ကို ပစ်ထားပြီး Gilar ကို
Falling In Love တွေဘာတွေများ ဖြစ်သွားတာလား...ဟမ် ဇာတ်လိုက်မ ။

" ကလေး ဘာကြောင်နေတာလဲ
သွားမယ်လေ "

Gilar သူ့ကိုလက်ဆွဲပြီး အတင်းဆွဲခေါ်လာတာကြောင့် ဇာတ်လိုက်မရဲ့မျက်နှာကိုတောင် သေချာမမြင်မိလိုက်ရ ။ သူအမြဲအဝေးကပဲ ကြည့်နေရတာလေ။ တစ်ခါတစ်လေ အနီးကပ်တော့ ကြည့်ချင်တာပေါ့ ။

"Avi ကလေးကိုယ့်ကို အခုထိ မင်းအခန်းထဲ ဝင်ခွင့်မပေးသေးဘူးလား "

" မင်းငါ့အခန်းထဲ ဝင်လာတဲ့နေ့ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်တဲ့နေ့ပဲ "

Avi ပြန်ဖြေလိုက်တဲ့စကားကို Gilar သဘောကျစွာ ရယ်လိုက်သည်။ အရင်အတိုင်း မပြောင်းလဲဘဲ ရယ်လိုက်သည့်အခါ ဘယ်ဘက်က ပါးချိုင့်နက်လေးက
ရှိနေဆဲပဲ ။သူ အရင်ကဘာလို့များ သတိမထားမိရတာလဲ။လော့ရမ်ကိုပဲ အာရုံစိုက်မိနေလို့များလား။ဒါမှမဟုတ် အရင်ကမ္ဘာက တုယွမ်ရဲ့ အပြုံးကိုသေချာ မမှတ်မိလိုက်လို့ပဲလား ။

Resinner : Resystem ( Complete )Where stories live. Discover now