8:3

3K 421 1
                                    

Arc 8:3
Ver_vain

" အပြင်ကိုဘာသွားလုပ်မှာလဲ ၊ တကယ်လို့ရုတ်တရက်ကြီး ဆရာတူညီလေးကိုယ်ထဲကအဆိပ် ထိန်းမနိုင်တော့ရင်
ဘယ်လိုလုပ်မလဲ "

" ဒီအဆိပ်ကြောင့်ဘဲ အပြင်ကိုထွက်ရမှာပါ
ဆရာတူအစ်ကို ဒီလိုပုံစံမျိုးနဲ့ ရီမော့ဆက်မနေချင်တော့တာအမှန်ဘဲ ၊ အပြင်လောကမှာ ရီမော့ တတ်နိုင်သလောက်ကြိုးစားကြည့်ချင်သေးတယ် "

" ဒါပေမဲ့မင်းတစ်ခါ ကြိုးစားပြီးပြီလေ "

သူ့ထက်အသက်ဆယ်နှစ်ကျော်လောက်
သာကြီးတဲ့ ဆရာတူအစ်ကိုကအရမ်းကိုစိုးရိမ်စိတ်များလွန်းသည်။ သူ့ကိုအခုအချိန်ထိကိုစိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။ သူဒီလိုအဆိပ်မိလာတဲ့အချိန်တုန်းကလည်း ဖြစ်လာသည့် အကြောင်းအရင်းကို ကျန်းရီမော့ မပြောပြခဲ့တာတောင် အရေးမထားဘဲ အကောင်းဆုံးသောအရာတွေနှင့်ကုသပေးခဲ့သည်။

သို့ပေမဲ့ထိုအရာတွေကကျန်းရီမော့ရဲ့ခန္တာကိုယ်ကိုအနည်းငယ်ဘဲ သက်ရောက်စေတာကြောင့်နောက်ပိုင်းတွင်အမြဲလိုလို ကျန်းရီမော့က ဆေးသောက်ပြီး အသက်ဆက်နေခဲ့ရတာဖြစ်သည်။

ကျန်းရီမော့က ဒီ စိတ်ပျက်ဖွယ်ရာ
အဆိပ်ကို အရင်သိုင်းလောကတစ်ခွင်လျှောက်သွားတဲ့အချိန်တုန်းကရခဲ့တာဖြစ်၏။ အရှေ့ဘက်လွင်ပြင်မှာရှားပါးတဲ့ အနက်ရောင်ကြာပွင့်ရှိသည်ဟုကြားပြီး လောဘတတ်ကာ  သွားလုယူရာမှ ထိုပစ္စည်းပိုင်ရှင်၏ ပြန်လည်တိုက်ခိုက်မူကြောင့်ရလာ​
ခြင်းဖြစ်သည်။

သူများပစ္စည်းကို ပေါ်တင်ကြီးလုယူတာမို့လို့ ကျန်းရီမော့ ဒီလိုမျိုးခံလာခဲ့ရတာဖြစ်၏။ နည်းနည်းလောက်သာအစီအစဉ်ဆွဲပြီး ကလိန်ဉာဏ်ဆင်ကာ လုလာမည်ဆိုလျှင်တော့ ရကောင်းရလာနိုင်သည်။

" ဆရာတူအစ်ကို လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ ၊ ရီမော့က တော့သွားမှာဘဲ "

လွိရီဝေက သက်ပြင်းချလိုက်ပြီး
" တားလို့မရရင်လည်းမတားတော့ဘူး ၊ဒါပေမဲ့ ဆရာတူအစ်ကိုပေးမဲ့ပစ္စည်းတွေကိုတော့မင်းယူသွားရမယ် "

ပြောပြီးတာနဲ့ သိုလှောင်လက်စွပ်
ထဲကနေ သူအပြင်သို့သွားလာတဲ့အခါကျန်းရီမော့လိုအပ်လောက်မဲ့ ပစ္စည်းတွေထုတ်ပေးနေသည်။ ကြည့်ရတာ သူ့ရဲ့ဆရာတူညီလေး ခရီးထွက်ရာတွင်ငွေပြတ်တာမျိုးဖြစ်စေချင်သည့်ပုံမပေါ်။

Resinner : Resystem ( Complete )Where stories live. Discover now