10:15

791 165 0
                                    

Arc 10:15

" သေချာတယ် မင်းငါ့ကိုတစ်ခုခုလုပ်ထားတယ် "

သူ့ခန္တာကိုယ်တွင် စီရင်ထားသည့် အင်းကွက်အစီအရင်များကို ဖြေပေးရင်းနှင့် အဆက်အစပ်မရှိ ပြောလာသည့် Zole ။

" ငါဘာမှ မလုပ်ရပါဘူး "

" မင်းငါ့ကို တစ်ခုခု လုပ်ထားတယ် "

ဘေးတွင်ချထားသည့် Avi ရဲ့အဝတ်အစားများကို လှမ်းယူပေးရင်းဖြင့် Zole သည် Avi စကားကို လက်မခံ ။

Avi ပြောဖို့အားမရှိတော့သည့်အတွက် ခေါင်းသာ ခါပြလိုက်သည်။

" Zole ငါ့ကို မင်းချုပ်ထားတဲ့အချုပ်အနှောင်တွေထဲက တစ်ခုလောက်ဖြည်ပေး "

" ကောင်းပြီ "

Zole သည် Avi လက်ကောက်ဝတ်ကို ဆွဲယူရင်း အချုပ်အနှောင်ကို ဖြည်ပေးဖို့လုပ်လိုက်သည်။

" ဒါနဲ့ငါက ဘာလို့ မင်းခိုင်းတဲ့အတိုင်း လုပ်မိသွားတာလဲ "

" မင်းမလုပ်ရသေးပါဘူး ၊ ငါ့ကိုအခုထိ မဖြည်ပေးရသေးဘူးလေ "

" ဟုတ်သား... "Zole သည် Avi ကိုချုပ်ထားသည့်အချုပ်အနှောင်တွေထဲက တစ်ခုကို စိတ်လိုလက်ရ ဖြည်ပေးလိုက်၏ ။

" နေဦး! ငါမင်းကို ဖြည်ပေးမိလိုက်ပြီပဲ?  "

" အင်း...သိပ်မများပါဘူး ငါ့ခန္တာကိုယ်ကို ပိတ်ထားတဲ့အတားအဆီးသေးသေးလေးပါ "

Zole ဝတ်ပေးထားသည့်အကျီကို Avi ပြန်ပြင်ဆင်ကာ ဝတ်လိုက်ရင်း သူအချိန်ကြာလှဲနေရသည့် သလွန်ပေါ်မှ ကောက်ထလိုက်သည်။

" ပြီးတော့ ငါနေလို့လည်း
တော်တော်ကောင်းသွားပြီ "

" ငါဘာလို့ ဖြည်ပေးမိသွားတာလဲ? "

Zole သည် သူ့လက်နှစ်ဖက်ကိုသူမယုံကြည်နိုင်သဖွယ် စိုက်ကြည့်နေသည်။

" မင်းငါ့ကို ဘာလုပ်ထားတာလဲ ?"

" ထွက်ပေါက်ဘယ်မှာလဲ ? "

Avi နှင့် Zole တို့နှစ်ယောက်၏ အသံသည် တစ်ပြိုင်နက်တည်း ထွက်လာခဲ့သည်။

" ဘာမှမလုပ်ဘူး "

" မင်းဘယ်သွားမလို့လဲ Lynx "

Resinner : Resystem ( Complete )Where stories live. Discover now