8:23

1.9K 325 0
                                    

8:23
Ver_vain

" တစ်ဆိတ်လောက်... "

Avi လက်ကိုမြှောက်ကာ ခေတ္တဟန့်တားလိုက်တာကြောင့် နတ်ဆိုးဘုရင်ကြီးရှိနေသည့်နေရာတွင်ပင် ရပ်တန့်သွားသည်။

" ဘာလို့လဲ "

" အဆိပ်ဖြေဆေးလိုချင်ရင် ကျွန်တော်မျိုးကို ဟောဒီက လက်မှာ ခတ်ထားတဲ့လက်ထိတ်ခြေထိတ်လေးရယ် ၊ လိုအပ်တဲ့ပစ္စည်းအမည်လေးတွေရယ်၊ ပြီးတော့ အလုပ်ကောင်းကောင်းလုပ်လို့ရမဲ့အကျဥ်းထောင်မဟုတ်တဲ့ အခန်းလေးတွေလိုချင်တယ် "

Avi လက်နှစ်ဖက်လုံးကို ပြိုင်တူမြှောက်ပြလိုက်ပြီး လက်ထိတ်ကိုနတ်ဆိုးဘုရင်ကြီး
မြင်သာအောင် ပြသလိုက်သည်။

" ဒါကျွန်တော်မျိုးရဲ့ တစ်ဖက်သတ်တောင်းဆိုချက်မဟုတ်ပါဘူး ၊ နှစ်ယောက်လုံးအတွက်ကောင်းမွန်ဖို့ပါ။ "

" ငါကိုယ်တော်အဆိပ်မိခဲ့တာ ဘယ်သူ့ကြောင့်လဲ "

အနားသို့တိုးကပ်လာပြီး မျက်ခုံးနှစ်ဖက်ကို စုကျုံ့ကာ avi ကိုအကဲခတ်နေသည့် နတ်ဆိုးဘုရင်ကြီးရဲ့မျက်လုံးတွေက အခိုးအငွေ့တွေလျှံနေသလို ပင်။ avi ကိုသတ်များသတ်ချင်နေတာလား ။
သို့သော်လည်း avi မျက်နှာပြောင်ပြောင်နဲ့ပင်

" တောင်းဆိုတာတွေ မလုပ်ပေးချင်လည်းရပါတယ်
အတူတူသေကြတာပေါ့ "

"မင်းဆီကအဆိပ်ဖြေဆေးရဖို့ ချော့ရုံလောက်နဲ့ဘဲ ပြီးသွားမယ်ထင်နေတာလား ၊ ခြောက်လန့်ဖို့နည်းတွေအများကြီးရှိတယ် ရှင်း... "

တကယ်လုပ်မည့်ပုံပေါက်လာသည့်နတ်ဆိုးဘုရင်ကြီးကြောင့် avi တစ်ထစ်လျှော့ချဖို့ ဆုံးဖြတ်ချက်ကို အဝေးသို့လွင့်ပစ်လိုက်သည်။

" လုပ်လေ...လုပ် ၊ဘယ်လိုလုပ်လုပ်နောက်ဆုံးရလဒ်က အတူတူသေရမှာဘဲကို "

" ငါကိုယ်တော်နောက်တစ်ခေါက် ထပ်လာတဲ့အချိန်မှာလည်း မင်းဒီလိုစကားမျိုးပြောနိုင်ပါ့မလားဆိုတာ သိချင်မိသား "

ရက်စက်လှသည့်အပြုံးတစ်ခုက နတ်ဆိုးဘုရင်ကြီးရဲ့မျက်နှာထက်တွင် ချိတ်ဆွဲထားလျက်ရှိပြီး ထိုမျက်နှာပေါ်တွင် ရှိသည့်အမူအယာက aviကို ရိုက်သတ်ပစ်ချင်သည့်ပုံစံထက်
ရွံ့မုန်းနေသလိုပင် ။

Resinner : Resystem ( Complete )Donde viven las historias. Descúbrelo ahora