5:4

6.4K 822 13
                                    

( အရင်အပိုင်းမှာ မေးတဲ့သူရှိလို့ nettle ခွေးလှေးယားက စားလို့ရလို့လားတဲ့
မရပါဘူး အဲ့ဒါရဲ့ မူရင်းက potion မဟုတ်သလို ပါဝင်ပစ္စည်းကိုလည်း
အစုံမထည့်ပေးထားပါဘူး။
အဲ့ဒါကို serum သဘောမျိုးသုံးပြီး မြန်မာလိုအခေါ်ဆိုရင်တော့ တို့ဆေး ပေါ့
ပြီးတော့ အိပ်မွေ့ချတဲ့တစ်ဆင့်ကျန်သေးတယ် သက်သက်ကျော်ချလိုက်ပြီး potion လုပ်ပေးလိုက်တာ )

=============

" Avi မင်းခုနက ဘာလို့ဖန်ခွက်ကိုခွဲလိုက်တာလဲတစ်ခုခုများ ဖြစ်နေလို့လား "

" ငါဘာမှမဖြစ်ပါဘူး။ခွက်က အရမ်းအေးလွန်းတော့ ငါလန့်ပြီး အားလွန်သွားတာ "

Avi လော့ရမ် နဲ့မတွေ့ခင်နာရီပိုင်းလောက်က အခုလက်ရှိ Avi လုံးဝမသိတဲ့ အရင် Avi ရဲ့လျို့ဝှက်ချက်တစ်ခုကို သိခဲ့သည်။ သူ့ရဲ့
ကုတင်အောက်မှာ သွေးဆာလောင်မူကို ထိန်းချုပ်နိုင်တဲ့ ဆေးရည်တွေအများကြီး တွေ့ခဲ့တဲ့အပြင် လျှို့ဝှက်ထားတဲ့ အခန်း သေးသေးလေးတစ်ခန်းကို တွေ့ခဲ့သည်။

အခန်းက သေးလွန်းတဲ့အတွက် ပစ္စည်းဖွက်ဖို့ရာအတွက်သာ ထားထားသည့်အခန်းလိုပင်။
ထိုအခန်းလေးထဲမှာ ထပ်တွေ့တဲ့အရာက
ထိန်းချုပ်စည်းတွေ။

ပိုပြီးသေချာစေရန် လော့ရမ်ကို အသုံးချပြီး
သူသိချင်တဲ့အဖြေတစ်ခုကို ရှာဖို့လုပ်ခဲ့သည်။ပြီးတော့ မထင်မှတ်ထားသည့် နောက်တစ်ခု ၊ သူရှာရမယ့် နောက်တစ်ခုက
လော့ရမ်က Zero လား ဟုဆိုသည့်အကြောင်းဖြစ်သည်။

တကယ်၍သာ လော့ရမ်ကZero ဖြစ်ခဲ့လျှင်သူလော့ရမ်ကို ကာကွယ်ပေးကာ သူ့ရဲ့အနားမှာထားစေမည်။ အဘယ်သို့သော အန္တရာယ်မှဝင်လာခွင့်မပြုပေ ၊ဒီကမ္ဘာက Sinner မှာ Zero ရဲ့ အငွေ့အသက်ကို မခံစားမိ၊
ထို့ကြောင့် ဖြစ်နိုင်ချေနောက်တစ်ခုက လော့ရမ်။

' One ငါက ရှေးဟောင်းသွေးပါတဲ့ Vampire တစ်ကောင်လား '

( ဟုတ်ပါတယ် Host )

' အဲ့တာဘာကိစ္စ ငါ့ကိုမပြောပြရတာလဲ '

( ပြောလိုက်ရင် Host ရဲ့ Point တွေကိုနှုတ်ပစ်မယ်လို့ ပြောလို့ )

Resinner : Resystem ( Complete )Where stories live. Discover now