7:14

2.7K 444 2
                                    

Arc 7:14

" ငါတို့ရဲ့အစီအစဥ်တွေဖျက်ဆီးခံလိုက်ရပြီလေ Jack ငါတို့ဘယ်လိုဆက်ပြီး ရင်ဆိုင်ကြမလဲ "

" မဟုတ်ဘူး Cathy ငါတို့အဆုံးထိ
ရင်မဆိုင်ကြည့်ဘဲနဲ့မသိနိုင်ဘူး "

" Jack ပြောတာမှန်တယ် Cathy ငါတို့အဆုံးထိ လက်မလျှော့ဘဲ ရင်ဆိုင်ကြရမယ် "

" ဒါပေမဲ့ ငါတို့ဘယ်လိုလုပ်မှာလဲ "

မျက်လုံးမှာမျက်ရည်တွေဝဲလာပြီး
အသံတွေတုန်ယင်နေသည့် Cathy ကသူ့မျက်စိထဲမှာပျော့ညံ့လွန်းတာကြောင့်စိတ်ပျက်စရာကောင်းလွန်းသည်။

" ငါ့ကိုယ်ထဲ Lynx ဝင်နေတုန်းက သူ့ကိုပိတ်လှောင်လို့ရမဲ့နည်းလမ်းကိုငါသိခဲ့တယ် "

" ဘယ်လိုဖြစ်ပြီးတော့လဲ "ဒီကမ္ဘာရဲ့ဇာတ်လိုက် Jack က သူ့ကိုမေးလိုက်သည့်အတွက်အရင်ကတည်းက ကြိုတင်စီစဥ်ထားပြီးသားအဖြေကိုဖြေပေးလိုက်သည်။

" Lynx ငါ့ကိုယ်ထဲဝင်တဲ့အချိန်ကစပြီး Lynx ရဲ့စိတ်နဲ့ငါရဲ့စိတ်နဲ့ကတစ်ထပ်တည်းလိုဖြစ်သွားတယ်။ အဲ့ဒါကြောင့်ပဲ သူ့ခေါင်းထဲကအကြောင်းအရာတွေပါငါသိလာခဲ့ရတယ်၊ဒါကို Lynx ကသတိထားမိတဲ့ပုံမပေါ်ဘူး "

" ဒါပေမဲ့ ငါတို့နိုင်နိုင်ပါ့မလား "

Cathy ဆိုတဲ့စုန်းမက စိတ်အရမ်းပျော့သည်။
ဒီအစီအစဥ်မှာ စုန်းမတစ်ယောက်လိုနေတဲ့အတွက်သာမဟုတ်လျှင် Cathy ကိုထည့်စရာ အကြောင်းမရှိ ၊ Lynx ဆိုတဲ့ကောင်ကိုပိတ်လှောင်ဖို့အတွက်System ကသူ့ကို လိုအပ်သည့်အချက်အလက်တွေပေးပြီးသွားပြီဖြစ်သည်။ လိုအပ်တဲ့အရာတွေကလွယ်ကူလွန်းလို့အခုချက်ချင်း Lynx ကိုပိတ်လှောင်မယ်ဆိုရင်တောင်ရလောက်သည်။

အရင် Lynx ကိုပိတ်လှောင်ဖူးတဲ့ Mary Watson ရဲ့နည်းကို System အကူအညီနဲ့ထပ်ပြီး ဗားရှင်းမြင့်ထားကာ အခြား လိုအပ်သည့်အပိုပစ္စည်းတွေ ပါထပ်ပေါင်းထည့်ထားသည်။ အခုလိုအပ်တာက ဒီအစီအရင်ကိုCathy နဲ့ Jack ကိုပြလိုက်ရုံပင်။ ပြီးတော့ အလင်းနတ်ဘုရားရဲ့ လက်နက်အပိုင်းအစကို Rinata ဆီကတောင်းရမည်။ တကယ်လို့မရလည်းကိစ္စမရှိပါဘူး ၊ စုထားတဲ့ Point နဲ့ System ဆီမှာဝယ်လိုက်လို့ရတာဘဲ ။

Resinner : Resystem ( Complete )Where stories live. Discover now