8:2

3.2K 466 2
                                    

Arc 8:2
Ver_vain

Avi အခုဝင်ရောက်နေရတဲ့ခန္တာကိုယ်က မြောက်ဘက် ဟွမ်းရီ ဂိုဏ်းရဲ့ အဆိပ်သခင် ကျန်းရီမော့ ဖြစ်ပြီး ဝူထျန်းရီရဲ့အစီအစဥ်ပျက်စီးအောင်​ပြုလုပ်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်သည်။

တစ်နည်းအားဖြင့်သူက Sinner Mission ထဲမှာပါဝင်ပတ်သတ်နေသည်ဟုဆိုနိုင်သည်။ Avi မှန်တစ်ချပ်ကိုယူကာ သူ့ရဲ့မျက်နှာကိုအကဲဖြတ်လိုက်သည်။ သူ့ရဲ့နှုတ်ခမ်းတွေက မည်းနက်နေကာ လည်ပင်းတွင်ပင့်ကူအိမ်သဖွယ် အနက်ရောင်အမျှင်တွေက ရစ်ပတ်ထားသည်။ အပေါ်ယံကြည့်ရုံနဲ့တင် မူလခန္တာကိုယ်ပိုင်ရှင်ကျန်းရီမော့အဆိပ်မိနေသည် ဆိုတာကိုသိနိုင်သည်။

အဆိပ်သခင်တစ်ယောက်က အဆိပ်မိနေတယ်တဲ့လား၊ အံ့သြစရာ။ Avi အရင်ကျန်းရီမော့ရဲ့မှတ်ဉာဏ်အရ မနက်တိုင်း ကျန်းရီမော့ သောက်နေကျ ဆေးပုလင်းထဲက ဆေးကိုဖွင့်သောက်လိုက်သည်။ဆေးဝင်သွားသည်နှင့် ခုနအဆိပ်မိနေသည့်လက္ခဏာတွေအကုန်လုံး ပျောက်ကွယ်သွားသည်ကိုမှန်ထဲကတစ်ဆင့် မြင်လိုက်ရသည်။ ဒီဆေးက အရင်ကျန်းရီမော့ နဲ့ သူ့ရဲ့ဆရာတူအစ်ကို လွိရီဝေတို့ကိုယ်တိုင်ဖော်စပ်ထားတဲ့အဆိပ်ဖြေဆေးဖြစ်လို့ အစွမ်းထက်ပေမဲ့ သူ့ကိုယ်ထဲက အဆိပ်ကိုအမြစ်ကနေတော့ ဖျက်ဆီးမပစ်နိုင်ပေ။

အခုမှ ကျန်းရီ​မော့ရဲ့ရုပ်သွင်က သေချာပေါ်လာတာဖြစ်တာကြောင့် ကြည့်လိုက်မိတော့ လူမမာတစ်ယောက်ပုံနှင့် မခြားနားပေ။ အသားအရည်က ဝတ်ထားသည့်ဝတ်စုံအဖြူလိုဆွတ်ဆွတ်​ဖြူ​နေပြီး ပါးပေါ်ရှိအစိမ်းရောင်သွေးကြောတွေတောင် မြင်နေရသည်။အနက်ရောင်ဆံပင်ရဲ့ဘယ်ဘက်အရှေ့အခြမ်းမှာ အဖြူရောင်ဆံပင်အချို့ကအစုလိုက်ရှိနေသည်။ ဒါက အဆိပ်သခင်ရဲ့တစ်ခါကမှားယွင်းမိတဲ့ အမှားတစ်ခုကြောင့်ဖြစ်ပေါ်လာသည့်ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည်။ အမှန်တော့ ဒီအဆိပ်သခင်ရဲ့သက်တမ်းက မနည်းတော့ပေ။ သို့ပေမဲ့ဒီမနည်းတဲ့အချိန်အတွင်းအသက်ရှင်နေခဲ့တာတောင် ဖြေဆေးကိုမဖော်စပ်နိုင်ခဲ့တာသေချာသည်။

' One, Zero ကဘယ်တစ်ယောက်လဲ '

( ဒီကမ္ဘာရဲ့ဇာတ်လိုက် လုရှောင်းယန်  )

Resinner : Resystem ( Complete )Where stories live. Discover now