7:16

2.9K 484 0
                                    

Arc7:16

"အန်တီ Rinata ဘာလို့ Adam ကိုအဲ့လိုလွှတ်လိုက်ရတာလဲ ။ အကုန်လုံးအတူတူလုပ်တာပိုပြီးအန္တရာယ်မကင်းဘူးလား "

" Adam ကအရေးကြီးတဲ့အချိန်ကျရင် သူ့ဟာသူ ဆုံးဖြတ်နိုင်တာကိုယုံတယ် ၊ ပြီးတော့ Cathy မင်းလည်းသူ့အကြောင်းကိုသေချာသိတယ်မလား "

အန်တီ Rinata ပြောသည့် Adam အကြောင်း ၊အမှန်တော့သူသေချာမသိဘူး ။ ဒါပေမဲ့ Adam ဘေးနားမှာနေရရုံနဲ့တင် စိတ်လုံခြုံမူကိုပေးနိုင်တယ်ဆိုတာကိုသူမ သိသည်။

" Adam က ကျွန်မအတွက်တော့
နတ်သားတစ်ပါးလိုဘဲ၊ ဘယ်နေရာမှ အသုံးမဝင်တဲ့ကျွန်မကိုအမြဲအကောင်းမြင်ပေးတယ် ။ ပြီးတော့ ကျွန်မ အမှားလုပ်မိတဲ့အခါ တစ်ခုခုဖြစ်နေတဲ့အခါကျရင် သူပြောတဲ့
' စိတ်မပူနဲ့ငါရှိတယ် ' ' နင်လုပ်နိုင်တယ် ' လို့ပြောပေးတဲ့စကားတွေက အရမ်းအားဖြစ်စေတယ် ၊ မဟုတ်သေးဘူး ကျွန်မအတွက်
လမ်းအသစ်တစ်ခုထပ်ပြီးပေါ်လာသလိုဘဲ "

" နောက်ထပ်လမ်းအသစ်တစ်ခု
မရှိတော့ဘူးလား Willy "

"ဟင်အင်း ဒီလမ်းဘဲရှိတယ် "

သူတို့သွားရမည့် လမ်းက အနက်ရောင်ဝတ်ရုံခြုံထားသည့်လူတစ်စုနဲ့ ပြည့်နေပြီးအခြားလမ်းတစ်ခု ထပ်ပြီးမရှိတော့ပေ။သူထင်ထားသလိုပင် အပေါက်ဝကို ဘာမှမလုပ်တတ်
သည့် Diana တစ်ယောက်တည်း ထားမည်မဟုတ်သည့်အကြောင်းကို သူခန့်တော့ခန့်မှန်းမိသည်။

" သူတို့အဲ့မှာဘာလုပ်နေကြတာလဲ Willy "

" မင်း Lynx သတ်ခဲ့တဲ့သူတွေနဲ့ ပျောက်သွားတဲ့သူတွေအကြောင်းကြားဖူးတယ်မလား သူတို့ဘာဖြစ်သွားကြတယ်ထင်လဲ "

အရှေ့ကသူတွေကိုကြည့်ရင်းနှင့် Willy ရဲ့အဖြေကိုအလိုလိုခန့်မှန်းမိသွားသည်။Willy ကတော့ ခုန Lynx ကိုထိုးခဲ့သည့်ဓားကိုကိုင်ထားပြီး Avi ကတော့လက်ဗလာနဲ့သာတိုက်ခိုက်ရမည့်ပုံပေါ်သည်။ဒီကမ္ဘာက စိတ်ပျက်ဖို့ကောင်းလောက်အောင်ပုံစံ
စုံနေသည်။ စစချင်းက သရဲ၊ ဒုတိယက နတ်ဆိုးလိုဟာမျိုး ၊ စုန်းတွေ ပြီးတော့မိသားစုအရှုပ်တော်ပုံ၊​အခုတော့ဖုတ်ကောင်တွေအထိပါ Level မြင့်လာသည်။

Resinner : Resystem ( Complete )Where stories live. Discover now