5:9

6.1K 921 28
                                    

" Oh...Dear Daemon မင်းလေးကိုဘယ်သူက လွှတ်လိုက်တာလဲ "

" ငါ့ကိုဖမ်းနိုင်တယ်ဆိုပြီး Black Sheep တစ်ကောင်က မာန်တတ်နေတာပဲ ။ဒါပေမဲ့ ဘယ်လိုလုပ်မလဲ၊ မင်းဖမ်းမိတာ ငါ့ရဲ့အစိတ်အပိုင်းတစ်ခုကိုပဲဖမ်းမိတာ "

အနက်ရောင် Crystal အထဲရှိ အခိုးအငွေ့တွေသာ သူ့ကိုပြန်လည်စကားပြောနေသည်။
ခြောက်သွေ့ပြီး ကွဲအက်နေသည့် အသံက ဖယောင်းတိုင်မီးရောင်သာ အလင်းရှိသည့်
အခန်းထဲတွင်တော့ ခြောက်ခြားဖွယ်ကောင်းလှသည်။

" ရပါတယ် ငါကလည်း မင်းကိုမလိုဘူး ။ဒုက္ခပေးလို့ရနိုင်တဲ့ အစိတ်အပိုင်းတစ်ခုလောက်ဆိုပဲ ရပြီ "

တစ်ဖက်မှ ပြန်ဖြေသည့်အသံကို မကြားသဖြင့်သူကပင် နောက်တစ်ကြိမ်အမေးစကားကို ပြန်စလိုက်သည်။

" မင်းကိုဘယ်သူလွှတ်လိုက်တာလဲ
Quasi Daemon "

" ဘာကိစ္စပြောပြရမှာလဲ Black Sheep "

တစ်ယောက် ဂုဏ်ကို တစ်ယောက်ခေါ်ပြီး အချင်းချင်းနှိမ့်ချနေသည်က ကလေး ကစားပွဲတစ်ခုဖြစ်နေပေမဲ့ ဒီလိုစနေရတာကိုက တစ်မျိုးပျော်ဖို့ကောင်းသည်။

( Quasi Daemon က Daemon တစ်ဝက်ဖြစ်တဲ့အပြင် မျိုးနွယ်စုထဲမှာ Black Sheep တွေလိုပဲ အနှိမ်ခံ ဆက်ဆံခံရပါတယ်။ ဒါကြောင့် သူ့ကို Quasi လို့ခေါ်တဲ့အချိန် Avi ကိုလည်း Black Sheep လို့ ပြန်နှိပ်ကွပ်လိုက်တာပါ )

" Daemon တွေက လူ စကားနားလည်တယ်လို့သိထားတာ ၊ မင်းက ငါ့စကားနားမလည်တဲ့ပုံပဲ "

အချိန်တော်တော်ကြာတဲ့အထိ Avi စောင့်နေပေမဲ့ Daemon က စကားပြန်မပြောတဲ့အတွက် မျက်လုံးအရောင်လက်သွားကာ နှုတ်ခမ်းက အေးစက်စက် အပြုံးတစ်ခုအားဖန်တီးလိုက်သည်။

ထိုအပြုံးကို ကာယကံရှင်ဖြစ်တဲ့ Avi က မမြင်နိုင်ပေမဲ့ အတိုင်းသားမြင်နေရတဲ့ သူကတော့ အနက်ရောင်ဖယောင်းတိုင်
မီးတောက်တွေကြားက အသက်မပါတဲ့အပြုံးတစ်ခုကို ကြည့်နေလိုက်သည်။
ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းပါးကနေ
Latin ဘာသာစကားဖြင့် တစ်ခုခုကိုရွတ်ဆိုလိုက်သည်။ Spell ရွတ်နေတဲ့ တစ်လျှောက်လုံး မီးစနဲ့ထိုးသလို နာကျင်နေတဲ့အပြင်
အသားတွေကို တစ်စဆီ ဆွဲစုတ်နေသလို ခံစားနေရသဖြင့် အတင်းရပ်ခိုင်းလိုက်ရသည်။ သူကအစိတ်အပိုင်း တစ်ခု သာသာဆိုပေမဲ့ ဒီလို အစိတ်အပိုင်းမျိုးကို ဘယ်လိုနာကျင်အောင် နှိပ်စက်ရမလဲ ဆိုတာကို ထို Black Sheep က ကျွမ်းကျင်နေတဲ့ပုံရသည်။

Resinner : Resystem ( Complete )Where stories live. Discover now