8:24

1.8K 310 1
                                    

8:24
Ver_vain

အနက်ရောင်နှင့် အနီရောင်ရောထွေးနေသော မိစ္ဆာချီတွေက ရုန်းရင်းဆန်ခတ်ဖြင့် ဗျောင်းသတ်နေသော အကျဥ်းထောင်အခန်းငယ်ကို ပြန်လည် ငြိမ်သက်အောင်ပြုလုပ်လိုက်သည်။ တခဏအကြာ အရာအားလုံး ငြိမ်သက်သွားပြီးနောက် ကျောက်နံရံတွင် ချိတ်ဆွဲ ခြင်းခံထားရသည့် ပိုင်ဟွယ် အောက်သို့ပြန်ပြုတ်ကျလာပြီး ကျောက်ကုတင်ပေါ်တွင်တော့ လူငယ်တစ်ယောက် လှဲလှောင်းနေလျက်ရှိပြီး မျက်လုံးနှစ်ဖက်၊ နားနှက်ဖက်နှင့် ၊နှာခေါင်းပေါက်တွေထဲမှ သွေးတွေစီးကျနေသည်ကိုတွေ့ရသည်။

" မုရွယ်မင်း ပိုင်ဟွယ်ကို ကူညီလိုက် "

" အရှင်ကြီးအမိန့်အတိုင်းပါ "မုရွယ်က လဲကျနေသည့် ပိုင်ဟွယ်ကို အပြေးအလွှားထူမပေးလိုက်သည်။

ကျောက်ဖျာပေါ်တွင်လှဲလျောင်းနေဆဲ လူငယ်ရဲ့ သွေးစီးဆင်းမူက အခုထိ မရပ်တန့်သေးတာကြောင့် အချို့သွေးကြောတွေကိုပိတ်ဆို့လိုက်သည်။ ဒါက သူလုပ်ပေးနိုင်သည့်အကောင်းဆုံးကုသမူတစ်ခုသာဖြစ်ပြီး အခြားအဘယ်သို့သောနည်းဖြင့်ကုသပေးရမည်မှန်းသူမသိခဲ့ ။

" အရှင်ကြီး..."
သတိရလာသည့် ပိုင်ဟွယ်က အရှင်ကြီးကိုမြင်သည်နှင့်ချက်ချင်းပင်ထ၍ ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။

" ဘယ်လိုဖြစ်တာလဲ "

" ကျွန်တော်မျိုးလည်းမသိပါဘူးအရှင်ကြီး ၊အစောပိုင်းတွင်အဆင်ပြေနေလျက်နဲ့ ရုတ်တရက်ကြီး အာရုံလှည့်စားခြင်းမြူကို
အတင်းတွန်းကန်ပါတယ် "

ပိုင်ဟွယ်က မုရွယ်ထူမပေးခြင်းမှ ရုန်းဖယ်လိုက်ပြီး သတိမေ့နေသည့် ရှင်းရဲ့လက်ကို ဆုပ်ကိုင်ကာ လက်ထိတ်ခြေထိတ်တွေကိုသေချာစွာစစ်ဆေးနေသည်။ပိုင်ဟွယ်က ပြောလိုက်သည်။

" စွမ်းအင်ထိန်းချုပ်တဲ့ လက်ထိတ်တွေ ပျက်စီးနေတာမဟုတ်ဘူး "

မုရွယ်က ခေါင်းခါကာ

" ဒါဆို သူဘယ်လိုလုပ် ချီစွမ်းအင်အသုံးပြုလို့ရသေးတာလဲ "

အကျဥ်းထောင်ထဲရှိအခြေအနေကို ပိုင်ဟွယ်မှာ အလင်းပြန်ကျောက်စိမ်းပြားကိုအသုံးပြုပြီး တစ်ဆင့်ပြသခဲ့တာကြောင့် မုရွယ်ရော ၊ ရွယ်လုံပါ ထိုအထဲတွင်ဖြစ်ခဲ့သည့်အရာတွေကိုသေချာမြင်တွေ့ခဲ့ရသည်။ ရှင်းဆိုသည့်သူမှ စွမ်းအင်ထိန်းချုပ်တဲ့လက်ထိတ်တွေကို ကျော်လွန်၍တောင် ပိုင်ဟွယ်ကိုလင်ချီစွမ်းအင်ကိုအသုံးပြု၍တိုက်ခိုက်
ခဲ့သည်ကို မယုံကြည်ဖွယ်ရာမြင်ခဲ့ရသည်။

Resinner : Resystem ( Complete )Dove le storie prendono vita. Scoprilo ora