8:41 ( End )

2.6K 405 55
                                    

လွီရီဝေမှ လုရှောင်းယန် နှင့်တိုက်ခိုက်နေစဥ် သာယာဆွတ်ပျံ့ဖွယ် ပုလွေသံတစ်ခုက ပေါ်ပေါက်လာကာ လွီရီဝေနှင့် လုရှောင်းယန်ကြားကို ငွေရောင်လဲ့နေသည့်အလွှာပါးတစ်ခုဖြင့် တားဆီးလိုက်သည်။လုရှောင်းယန်ရဲ့ တိုက်ခိုက်မူတွေက လွီရီဝေအပေါ်သက်ရောက်ခြင်းမရှိတော့သလို လွီရီဝေအတွက်လည်း ထိုနည်းအတူပင်။

ရှစ်စွမ်း နှင့်အတူ အခြား ရွှေရောင်တောက်နေသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူ
တစ်ယောက်ပါအတူပါလာခဲ့ပြီး ထိုသူကို တော့ avi မမြင်ဖူးပေ။ အနည်းငယ် လောကြီးနေပုံရသည့်
ရှစ်စွမ်းမှလုရှောင်းယန်ကို နေရာကူးပြောင်းမန္တန်ကိုပေးကာ ထွက်သွားစေလိုက်သည်။

သဘောက ရှစ်စွမ်းမှ ဒီနေရာကနေ avi တို့ထွက်သွားသည်နှင့် သူ့နည်းသူ့ဟန်ဖြင့် လွီရီဝေကို ဖြေရှင်းလိုက်မည်ဆိုသည့်သဘောပင်။ ပြီးနောက် avi ကို တစ်ချက်မကြည့်ဘဲချုပ်နှောင်ထားသည့် လွီရီဝေ၏ အချုပ်အနှောင်တွေကို ဖျက်ပေးကာ လွတ်လပ်စေလိုက်သည်။အစမှအဆုံးထိ ရှစ်စွမ်းမှ avi ကို တစ်ချက်တောင်မကြည့်ပေ။ မျက်နှာပူလို့လည်းဖြစ်နိုင်သလို ကြည့်ချင်စိတ်မရှိသေးတာလည်းဖြစ်နိုင်သည်။

လုရှောင်းယန်မှ avi ကိုခေါ်ယူကာ ရှစ်စွမ်းပေးသည့်မန္တန်ကို အသုံးပြုကာ ထွက်သွားခဲ့သည်။ လွီရီဝေမှ ကျန်းရီမော့ရဲ့နာမည်ကိုထပ်ခါထပ်ခါ အော်ခေါ်ခဲ့
ပေမဲ့ avi မသိချင်ယောင်ဆောင်ကာ လုရှောင်းယန် ခေါ်သည့်နောက်သို့လိုက်သွားခဲ့သည်။

အရင်နေရာသို့ပြန်ရောက်လာခဲ့သော်လည်း ပြန့်ပြူးနေကာ ပြောင်ရှင်းနေသော မြေမျက်နှာပြင်နဲ့အတူ
လုကွမ်ကျုံးအတုကိုမတွေ့တော့ပေ။ တိုက်ခိုက်လက်စ တိုက်ပွဲသည်လည်း တကွဲတပြားဖြစ်သွားပြီး အနိုင်အရှုံးမသဲကွဲခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ဒီမြေပေါ်မှာ ကျန်ရစ်ခဲ့သော သူသာ အနိုင်ဆိုလျှင်ဖြင့် ဒီတိုက်ပွဲမှာ ကျင့်ကြံသူတွေအဖွဲ့က နိုင်သွားပြီဖြစ်သည်။တိုက်ပွဲအတွင်းရှိ
သေဆုံးသွားခဲ့သော​မိစ္ဆာများနှင့်ကျင့်ကြံသူတွေအကုန် ကျန်ရစ်ခဲ့သည့် အသက်မဲ့နေသော ရုပ်ခန္တာတောင်မရှိပျောက်ကွယ်သွားခဲ့သည်။မုရွယ်နှင့်ကျောင်းတာ့တို့ကတော့သေသွားလား ရှင်နေလား မသိသည့်အခြေအနေပင်။ one ရဲ့ပြောစကားအရ sinner က ဒီကမ္ဘာက ပျောက်ကွယ်သွားခဲ့ပြီးဖြစ်တာကြောင့် သေဆုံးသွားပြီလို့ပြောလို့ရသလို avi လုပ်စရာရှိသည်တွေအကုန်လုံး ပြီးဆုံးသွားပြီဟုပြောလို့ရသည်။

Resinner : Resystem ( Complete )Where stories live. Discover now